“ရန်ကုန်လူငယ်ပွဲတော်နှင့် လူငယ်အဖွဲ့အစည်းပြပွဲ”ကို ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ကျင်းပ

“ရန်ကုန်လူငယ်ပွဲတော်နှင့် လူငယ်အဖွဲ့အစည်းပြပွဲ”ကို ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ Learning Hub မှာ သြဂုတ်လ(၁၈)ရက်က ကျင်းပခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ်ပွဲကို “လူငယ်တွေအတွက် လွတ်လပ်လုံခြုံသောရပ်ဝန်းများ” ခေါင်းစဉ်နဲ့ Yangon Youth Network ကနေ ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။

“ဒီပွဲက လူငယ်တွေရဲ့ ခေါင်းစဉ်အောက်မှာ ကျင်းပတာပါ။ Youth Policy အရ (၃၅)နှစ်အတွင်းက ဘယ်လို လူငယ်မဆို ကျွန်တော်တို့ ဘယ်လိုမှ ကန့်သတ်ထားခြင်း မရှိပါဘူး။ အယူအဆကွဲပြားခြင်းသော်လည်းကောင်း၊ ဘာသာရေးကွဲပြားခြင်းသော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာ ခံယူမှုကြောင့်သော်လည်းကောင်း လုံးဝခွဲခြားထားခြင်း မရှိပါဘူး” လို့ Yangon Youth Network က ဥက္ကဌ ကိုဇေလင်းမွန် က ပြောပါတယ်။

ဒီပွဲမှာ LGBT လူငယ်အများစုပါဝင်ထားတဲ့ PEC(Practical English Club)အဖွဲ့ကလည်း လူငယ်တွေ ကြားမှာ သီချင်းတွေဆိုရင်း တစ်ထောင့်တစ်နေရာက ပါဝင်သွားခဲ့ပါတယ်။

“ဒီပွဲမှာ လူငယ်တွေအကုန် စုစုစည်းစည်းနဲ့လုပ်တဲ့ ပွဲဆိုတော့ ကျွန်မတို့က LGBT တွေဆိုပြီး ခွဲခြားနေတာ မဟုတ်ဘဲနဲ့ လူငယ်ထဲက လူငယ်တစ်ယောက်ပဲဆိုတဲ့ ပုံစံမျိုးနဲ့ပဲဆိုတာ လူငယ်တွေရှေ့မှာ ပြောပြတာပါ။ LGBT လူငယ်တွေကလည်း လူငယ်ပဲ ဖြစ်တယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ သီချင်းတွေ ဆိုကြတာပါ”လို့ PEC(Practical English Club)အဖွဲ့က Lesbian တစ်ဦးဖြစ်တဲ့ Z က ပြောပါတယ်။

“ရန်ကုန်လူငယ်ပွဲတော်နှင့် လူငယ်အဖွဲ့အစည်းပြပွဲ” ကို မနက်ပိုင်းမှာ လူငယ်တွေအတွက် လုံခြုံစိတ်ချရသော ရပ်ဝန်းနဲ့ပတ်သက်တဲ့ စကားဝိုင်းပြုလုပ်ခဲ့ကာ နေ့လယ်ပိုင်းမှာတော့ Beat box၊ Street Dance ၊ Magic ၊ Documentary၊ ကဗျာရွတ်ဆိုပွဲနဲ့ သီချင်းတွေလည်း သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

ရန်ကုန်လူငယ်ကွန်ရက်ဟာ ၂၀၁၄ ခုနှစ်မှစပြီး နိုင်ငံတကာလူငယ်များနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.