လူထုကြား စကားပြောစွမ်းရည်မြင့်မာရေး သင်တန်းတစ်ခုကို Bright Pride အဖွဲ့ကနေ ရွှေဘိုမြို့မှာ ပြုလုပ်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာ Bright Pride Myanmar Lesbian အဖွဲ့ကဦးစီးပြီး LGBT/SOGIE အကြောင်း အသိအမြင်ဖွင့်နှင့် စကားပြောစွမ်းရည် မြင့်မားရေး (Public Speaking Skills) သင်တန်းကို (၂) ရက်တာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ သင်တန်းကို ဇွန်လ (၂၀) ရက်ကနေ (၂၁) ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး C.A.N MYANMAR အဖွဲ့နဲ့ PFLAG MYANMAR အဖွဲ့တို့ကလည်း နည်းပညာဆိုင်ရာ ပံ့ပိုးကူညီခဲ့ကြပါတယ်။

“ဒီသင်တန်းဖွင့်ရတဲ့ ရည်ရွယ်ချက်က LGBT လူငယ်တွေအနေနဲ့ LGBT အကြောင်းအရာနဲ့ပတ်သက်ပြီး ကိုယ့်ပတ်ဝန်း ကျင်မှာ ပြောတတ်ဆိုတတ်ရှိဖို့၊ ပြောရရင်တော့ မိသားစုတွေ၊ သူငယ်ချင်းတွေကြားနဲ့ လူထုကြားမှာ စည်းရုံးရေး ဆင်းတတ်အောင် ဘယ်လိုပြောဆိုရမလဲဆိုတာကို သင်ကြားပေးတယ်” လို့ Bright Pride Myanmar Lesbian အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ဒေါ်စုစုလှိုင်က ပြောပါတယ်။

Bright Pride ဟာ မန္တလေးမြို့အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး LBT နဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ ကို ပြုလုပ်နေတဲ့ Lesbian အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။ ၎င်းအပြင် တခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လည်း ကမ်ပိန်းတွေ၊ လူထုစည်းရုံးလှုံ့ဆော်မှုနဲ့ LGBT ဆိုင်ရာ အထိမ်းအမှတ်ပွဲ အခမ်းအနားတွေ၊ လူမှုပရဟိတ လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
ရွှေဘိုမြို့မှာပြုလုပ်ခဲ့တဲ့ ဒီသင်တန်းမှာ ဒေသခံပြည်သူ (၂၄) ဦး တက်ရောက်ခဲ့ပြီး သင်တန်းအတွင်း SOGIE အခြေခံ ခွဲခြားဆက်ဆံမှုတွေအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။

One thought on “လူထုကြား စကားပြောစွမ်းရည်မြင့်မာရေး သင်တန်းတစ်ခုကို Bright Pride အဖွဲ့ကနေ ရွှေဘိုမြို့မှာ ပြုလုပ်ခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.