ကျောက်တန်းမြို့နယ်၊ အီလက်ထရောနစ် စာကြည့်တိုက်မှာ Human Rights & SOGIE/LGBT Rights သင်တန်းဖွင့်ခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အီလက်ထရောနစ် စာကြည့်တိုက်ကော်မ တီနဲ့ Colors Rainbow တို့ ပူးပေါင်း၍ Human Rights & SOGIE/LGBT Rights (၃)ရက်ကြာ သင်တန်းတစ်ခုကို ဇူလိုင်လအတွင်း ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ သင်တန်းဖွင့်ပွဲကို ဇူလိုင်လ(၂၂)ရက်က အီလက်ထရောနစ် စာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်၊ မြို့နယ်ပညာရေးမှူး ဦးလှသိန်း၊ စာကြည့်တိုက်ကော်မတီ ဥက္ကဌ ဦးမြင့်ငွေနဲ့ Colors Raibow အဖွဲ့၏ Education Team မှ Program Officer ဒေါ်မြသက်မူတို့မှ အသီးသီး တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။

 

“ဒီသင်တန်းလုပ်နိုင်ဖို့ ဌာန(၃)ခုကို ချိတ်ဆက်ရတယ်။ လူကြီးတွေကို LGBT ဆိုတာလည်း လူသားထဲက လူသားပဲမို့ တန်းတူအခွင့်အရေး ရှိတယ်ဆိုတဲ့အကြောင်း အကြိမ်ရေများစွာ ပြောပြရတယ်၊ ရှင်းပြရတယ်၊ တာဝန်ခံရတယ်ပေါ့။ နောက်တော့ ကိုယ့်ရဲ့ ဆောင်ရွက်ချက်တွေကို သိနေတော့ လူကြီးတွေက လက်ခံသွားတယ်။ သင်တန်းပြီးတဲ့အခါ ဆရာ၊ ဆရာမတွေနဲ့ LGBT တွေ အဆင်ပြေပါ့မလားဆိုတဲ့ စိုး ရိမ်မှုတွေက ပျောက်သွားတယ်။ ဆရာ၊ ဆရာမတွေရဲ့ စိတ်ခံယူချက်တွေ ပြောင်းသွားတာ တွေ့ရတယ်”လို့ သင်တန်းကို ဦးဆောင်စီစဉ်ခဲ့သူ အီလက်ထရောနစ် စာကြည့်တိုက်မှူး၊ Colors Rainbow မှ အဆင့်မြင့် ဆရာဖြစ်သင်တန်းဆင်းပြီးသူ ကိုအောင်ကိုဝင်းက ပြောပါတယ်။

အဆိုပါ သင်တန်းကို LGBT အသိုင်းအဝိုင်းအား မြို့နယ်လူကြီးတွေ လက်ခံလာစေရန်၊ LGBT တွေသည် အခြားသူတွေနဲ့တန်းတူ လုပ် ဆောင်နိုင်တယ်ဆိုတာကို အသိအမှတ်ပြုစေရန်နဲ့ LGBT တွေအနေနဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ထုတ်ဖော်ပြောဆိုပြီး လုပ်ငန်းခွင်
တွေမှာ ပါဝင်လာနိုင်စေဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သင်တန်းကို ပညာရေးဌာနမှ (၁၀)ဦး၊ ပြင်ပမှ စိတ်ဝင်စားသူ (၁၀)ဦး စုစုပေါင်း သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.