မယ့်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင် အမျိုးသားကို တရားရုံးက ပုဒ်မ ၃၇၇ ဖြင့် စွဲချက်တင်
မယ့်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင် အမျိုးသားကို တောင်ဥက္ကလာပမြို့နယ် တရားရုံးက ဓမ္မတာနဲ့ ဆန့်ကျင် အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၇ ဖြင့် စွဲချက်တင်လိုက်ပါတယ်။
အမှုကို အမှုဖွင့်ပြီး တရားရုံးတင် စစ်ဆေးခဲ့တာ တစ်နှစ်နီးပါး ရှိခဲ့ပြီးနောက် ၂၀၁၉ခုနှစ်၊ မတ်လ (၁၄) ရက်က တောင်ဥက္ကလာပမြို့နယ် တရားရုံးမှာ အမျိုးသားဝန်ထမ်းအား အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ အမှုဖွင့် တရားစွဲဆိုထားတဲ့ ပုဒ်မနဲ့ပဲ စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။
အခုအမှုမှာ တရားလိုဘက်က တင်သွင်းတဲ့ တရားလိုပြ သက်သေ (၁၀) ဦးကို စစ်ဆေးခဲ့ပြီးနောက် စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။
ထိုပြင် မတ်လ (၂၁)ရက်မှာ စွဲချက်တင်ခံရသူဘက်မှ ပြန်ခေါ်သက်သေ (၇)ဦးကို ပြန်စစ်ဆေးရန် တင်သွင်းခဲ့ပြီး တရားလို တိုင်ကြားသူ ကျူးလွန်ခံရသူ ကာယကံရှင် အမျိုးသားလည်း ပါဝင်တယ်လို့ သိရပါတယ်။