မိထ္တီလာမြို့က ” We are Human Better life Together” LGBT လူငယ်တွေ့ဆုံပွဲ

မိထ္တီလာမြို့က LGBT လူငယ်တွေ မိမိတို့ရဲ့ဘဝအခက်အခဲတွေကို ရင်ဖွင့်ကြရင်း အပြန်အလှန်အားပေးကူညီနိုင်ဖို့ ပထမ ဆုံးအကြိမ် ” We are Human Better life Together” ဆိုတဲ့ LGBT လူငယ်တွေ့ဆုံပွဲလေးတစ်ခုကို အောက်တိုဘာလ(၃၁)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီလိုတွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက် Colors Rainbow အဖွဲ့အစည်းက ကူညီပံပိုးပေးထားသလို မိထ္တီလာ LGBT Network က ဦးဆောင် ၍  မိထ္တီလာမြို့ရှိ လွတ်လပ်ရေးပန်းခြံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို LGBT လူငယ်တွေ့ဆုံပွဲလေးမှာ မိထ္တီလာမြို့မှာရှိတဲ့ LGBT လူငယ်တွေအနေနဲ့ ပျော်ရွှင်ရွှင် ဂိမ်းတွေကစားကရင်း ရင်းနှီးမှုအပြန်အ လှန် တည်ဆောက်နိုင်ခဲ့တယ်လို့ ဦးဆောင်ပြုလုပ်ပေးခဲ့တဲ့ ကိုရာဟုမောင်က ပြောပါတယ်။

အဆိုပါ လူငယ်တွေ့ဆုံပွဲလေးကို မိထ္တီလာမြို့က LGBT လူငယ် (၃၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.