မိန်းမလျာပုံစံနဲ့ မြင်တွေ့ရမယ့် ပြေတီဦး ပါဝင်ထားတဲ့ Lady Boy ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မကြာခင် ရိုက်ကူးမည်

ထိုင်းနိုင်ငံရောက် မြန်မာတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို သရုပ်ဖော်ရိုက်ကူးသွားမယ့် Lady Boy အမည်နဲ့ ရုပ်ရှင်ဇာတ်ကားမှာ အဓိက သရုပ်ဆောင် ပြေတီဦးအနေနဲ့ Transgender အမျိုးသမီးပုံစံ ပါဝင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဒီ Lady Boy ရုပ်ရှင်ဇာတ်ကားကို ထိုင်း မြန်မာနှစ်နိုင်ငံက သရုပ်ဆောင်တွေ ပူးပေါင်းပြီး ဒါရိုက်တာ ကိုပေါက်က စက်တင်ဘာလ ပထမပတ်မှာ စတင် ရိုက်ကူးသွားမှာပါ။

“အဓိက ဇာတ်ကောင် ပြေတီဦးက ယောကျ်ားလိုတစ်မျိုး မိန်းမလိုတစ်မျိုး ဘာသာစကားမတတ်တဲ့ အခက်အခဲကို သူများနိုင်ငံမှာ ဖြတ် သန်းရတဲ့ ပုံစံမျိုးပါ။ အခြောက်ကားလည်း မဟုတ်ပါဘူး။ ယောကျ်ားလျာကားလည်း မဟုတ်ပါဘူး။ အခြေအနေကြောင့် သူများနိုင်ငံမှာ ဘာသာစကား မကျွမ်းကျင်တော့ အဆင်ပြေသလို ထိုင်းက မိန်းမလျာတစ်ဦးဖွင့်ထားတဲ့ အဆောင်မှာ သွားနေကြတယ်။ ဒီအဆောင်က မိန်းမလျာတွေပဲ နေလို့ရတဲ့ အဆောင်ပေါ့။ ဟိုမှာ ရပ်တည်နေထိုင်ဖို့အတွက် ပြေတီဦးတို့က မိန်းမတွေလိုဝတ်ပြီး အဆင်ပြေသလို နေကြရတာကို ရိုက်ကူးသွားမှာပါ”လို့ ဒါရိုက်တာကိုပေါက်က ဒီဇာတ်ကားရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီဇာတ်ကားမှာ Transgender အမျိုးသမီးပုံစံ သရုပ်ဆောင်မယ့် မြန်မာဘက်က သရုပ်ဆောင်တွေသာမက ထိုင်းနိုင်ငံဘက်က သရုပ်ဆောင်တွေလည်း ပါဝင်မှာဖြစ်ပြီး  မြန်မာဘက်က သရုပ်ဆောင် ပြေတီဦး၊ ထူးအောင်၊ ခင်လှိုင်၊ ညောင်ညောင်၊ ဇီးသီး၊ ဂျိုကာနဲ့ အိချောပိုတို့ ပါဝင်သွားမှာပါ။

Lady Boy ဇာတ်ကားကို ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စီစဉ်မှုနဲ့ ထိုင်းရောက်မြန်မာတွေရဲ့ ဘဝတွေကို အက်ရှင်၊ ဟာသရောကာ ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်လမ်းကို ဓနုတ်ကိုကိုဇော်၊ ဇာတ်ညွှန်း သက်ဦးမောင်၊ ညီညီဘမောင်နဲ့ မင်းသခင်တို့က ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.