လည်ပင်း ကျီးပေါင်းတက်ခြင်း

လည်ပင်းအရိုး ကျီးပေါင်းတက် ရောဂါဟာ အာရုံကြောနဲ့ အများဆုံး သက်ဆိုင်သည့် ရောဂါဖြစ်တာကြောင့် အထူးဂရုစိုက်သင့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အမျိုးသား၊ အမျိုးသမီးမရွေး ဖြစ်ပွားနှုန်း တူညီပေမယ့် အမျိုးသားများက အမျိုးသမီးများထက် ပိုဖြစ်တယ်လို့ သုတေသနတွေက ဆိုပါတယ်။

လည်ပင်း ကျီးပေါင်းတက်ခြင်းက အသက်အရွယ်ကြီးလာတာနဲ့အမျှ လည်ပင်းမှာရှိတဲ့ Spinal Discs တွေ ယိုယွင်းပျက်စီးလာလို့ ဖြစ်ပါတယ်။ Discs လေးတွေ ခြောက်သွေ့လာတာ၊ ရှုံ့တွလာတာတွေကြောင့် အရိုးအစွန်းလေးတွေမှာ အတက်လေးတွေ ဖြစ်ပေါ်လာတာအပါအဝင် အဆစ်အဖြစ် ရောင်ရမ်းတဲ့ လက္ခဏာတွေ ပေါ်လာပါမယ်။ လည်ပင်း ကျီးပေါင်းတက်ခြင်းဟာ အသက်အရွယ်ကြီးသူတွေမှာ အတွေ့ရများပြီး အသက်ကြီးလေ ပိုဆိုးလေ ဖြစ်ပါတယ်။ ကမ္ဘာမှာ အသက် (၆၀) ကျော်သူတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ လည်ပင်းကျီးပေါင်းတက်ခြင်းကို ခံစားနေရတယ်လို့ သိရပါတယ်။

ကျွန်တော်တို့ လူတွေရဲ့ ကျောရိုးမှာ အရိုးအများကြီး ထပ်လျက် ရှိပါတယ်။ အရိုးတွေရဲ့ ကြားနေရာတွေကတော့ အဆစ်တွေ ဖြစ်ပါတယ်။ လည်ပင်း၊ ရင်ခေါင်း၊ ခါး၊ တင်ပါး၊ အမြီးပိုင်းအထိ ၃၃ ရိုး ရှိပါတယ်။ အဲဒီနေရာတွေဟာ အရိုးကျီးပေါင်းတက်တဲ့ နေရာများ ဖြစ်ပါတယ်။ အရိုးတစ်ခုနှင့် တစ်ခုကြား နေရာများမှ အာရုံကြောတွေဟာ ဘယ်ညာသို့ ဖြာထွက်ပါတယ်။ အရိုးအဆစ်တွေ မကောင်းရင်တော့ အာရုံကြောတွေကို ဖိမိပြီး ကျီးပေါင်းတက်တဲ့ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ လည်ပင်းကျီးပေါင်းတက်တာဟာ ခန္ဓာကိုယ်ကို ဖြာထွက်မယ့် အာရုံကြောမကြီး ဖြတ်သန်းရမယ့် နေရာကျဉ်းရင်လည်း ဖြစ်တတ်ပါတယ်။ တကယ်လို့ အာရုံကြောမကြီးနဲ့ အာရုံကြောခွဲလေးတွေ ညှပ်နေပြီဆိုရင်တော့ ခြေလက်တွေ အားနည်းမယ်၊ ထုံနေမယ်၊ တင်းနေမယ်စတာတွေ ခံစားရမှာ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာလည်း ဟန်ချက်မညီတာတွေ၊ ဆီး၊ ဝမ်း မထိန်းနိုင်တာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ တစ်ချို့လူတွေမှာတော့ ခေါင်းမူးတာ၊ ခေါင်းကိုက်တာတွေပါ ခံစားရမှာ ဖြစ်ပါတယ်။ လည်ပင်းကျီးပေါင်းတက်တာဟာ လူတော်တော်များများမှာ ထူးခြားတဲ့ လက္ခဏာ မပြပါဘူး။ လည်ပင်းမှာ နာကျင်မယ်၊ တောင့်တင်းနေမယ် ဆိုတာတွေလောက်ပဲ ခံစားရမှာ ဖြစ်ပါတယ်။

လည်ပင်းအရိုး ကျီးပေါင်းတက် ရောဂါဟာ အာရုံကြောနဲ့ အများဆုံး သက်ဆိုင်သည့် ရောဂါဖြစ်တာကြောင့် အထူးဂရုစိုက်သင့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အမျိုးသား၊ အမျိုးသမီးမရွေး ဖြစ်ပွားနှုန်း တူညီပေမယ့် အမျိုးသားများက အမျိုးသမီးများထက် ပိုဖြစ်တယ်လို့ သုတေသနတွေက ဆိုပါတယ်။

အသက်အရွယ် ကြီးလာတာနဲ့အမျှ လည်ပင်းမှာရှိတဲ့ အရိုး၊ အရိုးနုတွေဟာ ယိုယွင်းပျက်စီးလာကြပါတယ်။ အသက်ငယ်ရွယ်ချိန်မှာ ဖြစ်တတ်တဲ့သူတွေကတော့ အရိုးပျော့လွန်းသူများ၊ အရိုးအဆစ်တွေကို အလွန်အသုံးပြုရတဲ့ အားကစားသမားများနဲ့ မျိုးရိုးဗီဇအလိုက် ဖြစ်တတ်တဲ့ရောဂါဖြစ်တာကြောင့် ငယ်ရွယ်တဲ့အချိန်မှာလည်း လည်ပင်းအရိုး ကျီးပေါင်းတက်ခြင်းကို ခံစားရနိုင်ပါတယ်။ အသက်ကြီးတိုင်း ကျီးပေါင်းရောဂါ မဖြစ်နိုင်ပါဘူး။

လူတော်တော်များများဟာ အသက် ၄၀ လောက်မှာစပြီး လည်ပင်း Disks တွေဟာ ရှုံ့တွ (Dehydrated Discs) ပျက်စီးလာပါတယ်။
အသက်ကြီးလာတဲ့အခါ ကျောရိုးဆစ်တွေ အက်လာတာကြောင့် Disks တွေ ကျွံလာပြီး (Herniated Discs) တစ်ခါတစ်ရံ အာရုံကြောမကြီးနဲ့ အခြားအာရုံကြောတွေကို ဖိမိတဲ့အခါ ကျီးပေါင်းတက်တာတွေ ဖြစ်ပါတယ်။ Disks တွေ ယိုယွင်းပျက်စီးလာပြီး အသစ်ပြန်ဖြစ်တဲ့ အရိုးဆဲလ်တွေဟာ ပုံမှန်မဟုတ်ခြင်းက အရိုးမှာ အတက်လေးတွေ ဖြစ်ပေါ်စေပြီး (Bone Spurs) အာရုံကြောမကြီးနဲ့ အခြားအာရုံကြောတွေကို ထိခိုက်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျောရိုးအရွတ်တွေဟာ အားနည်းလာပြီး (Stiff Ligaments) လည်ပင်းလှုပ်ရှားမှုတွေကို အားနည်းလာစေခြင်းဟာလည်း ကျီးပေါင်းတက်တာကို ဖြစ်စေပါတယ်။

ဖြစ်စေတတ်သော အကြောင်းတရားများ

– အသက်အရွယ်ကြီးခြင်း၊ (အသက်ကြီးလာတာနဲ့အမျှ အဆစ်တွေ ခိုင်မြဲအောင် အရိုးတွေရဲ့ မျက်နှာပြင်ဟာ ကျယ်လာပါတယ်။)

– လည်ပင်းလှုပ်ရှားမှုများသော အလုပ်အကိုင်၊

– လည်ပင်းကို ထိခိုက်စေသော အနေအထားများ၊ (ဥပမာ- မိုဘိုင်းလ်ဖုန်း၊ ကွန်ပြူတာစတဲ့ ပစ္စည်းတွေကို ကိုယ်နေဟန်ထား မမှန်ဘဲ အချိန်ကြာမြင့်စွာ သုံးစွဲခြင်း)

– လည်ပင်းတွင် ဒဏ်ရာရဖူးသူများ၊

– ဆေးလိပ်သောက်သူများ၊

လည်ပင်း ကျီးပေါင်းတက်ခြင်းအတွက် ကုသမှုကတော့ ဖြစ်တဲ့အတိမ်အနက်အပေါ် မူတည်ပါတယ်။ အဓိက ရည်ရွယ်တာကတော့ နာကျင်မှုတွေကို သက်သာဖို့၊ ပုံမှန်လှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်ဖို့နဲ့ အာရုံကြောမကြီးအပါအဝင် အခြားအာရုံကြောတွေကို မထိခိုက်အောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။

လည်ပင်းကျီးပေါင်းတက်တာကို အတိအကျ ဖော်ထုတ်ဖို့ ဆရာဝန်တွေက လည်ပင်းဓာတ်မှန်ရိုက်တာ လုပ်တာတွေနဲ့ (Neck X ray)? CT Scan? MRI? Myelography စစ်ဆေးနိုင်ပါတယ်။

လည်ပင်း ကျီးပေါင်းတက်ခြင်းအတွက် ကုသမှုကတော့ ဖြစ်တဲ့အတိမ်အနက်အပေါ် မူတည်ပါတယ်။ အဓိက ရည်ရွယ်တာကတော့ နာကျင်မှုတွေကို သက်သာဖို့၊ ပုံမှန်လှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်ဖို့နဲ့ အာရုံကြောမကြီးအပါအဝင် အခြားအာရုံကြောတွေကို မထိခိုက်အောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။

အရိုးအကြော ပညာရှင် (Physiotherapist)တွေကလည်း လည်ပင်းနဲ့ ပုခုံးက ကြွက်သားတွေ သန်မာလာစေတဲ့ လေ့ကျင့်ခန်းတွေကို ညွန်ကြားပေးနိုင်ပါတယ်။ အာရုံကြောညှပ်ရင်လည်း သက်သာစေမယ့် traction ဆွဲတာတွေ လုပ်ပေးနိုင်ပါတယ်။ ကျီးပေါင်းတက်လို့ နာကျင်မှုတွေကို ကျွမ်းကျင်တဲ့ ဓာတ်အပ်စိုက် ပညာရှင်တွေ (Acupuncture practitioner) တွေက ထိရောက်တဲ့ ကုသမှုတွေ လုပ်ပေးနိုင်ပါတယ်။

အာရုံကြောဆိုင်ရာ လက္ခဏာတွေဟာ ကုသရင်း မသက်သာဘူးဆိုရင် လိုအပ်ရင်တော့ ခွဲစိတ်ကုသမှုကို ခံယူရမှာ ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုမှာတော့ ကျွံနေတဲ့ အဆစ်တွေကို ဖယ်ထုတ်ခြင်း၊ အရိုးအတက်တွေကို ဖယ်ထုတ်ခြင်း၊ အရိုးအဆစ်အချို့ကို ဖယ်ထုတ်ခြင်းစတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

လည်ပင်းကျီးပေါင်းတက်တာ သက်သာပျောက်ကင်းဖို့အတွက် လေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်ပါတယ်။ နေ့စဉ် ပုံမှန် လမ်းလျှောက်ပေးခြင်းဟာ လည်ပင်းကျီးပေါင်းတက်တာ ကာကွယ်စေရုံသာမက နောက်ကျော နာကျင်ကိုက်ခဲမှုတွေကိုပါ သက်သာစေပါတယ်။ လည်ပင်း ကြွက်သားတွေ နာကျင်ကိုက်ခဲလာပြီဆိုရင်တော့ ဆရာဝန်ညွန်ကြားတဲ့ လိမ်းဆေး၊ သောက်ဆေးများကို သောက်နိုင်ပါတယ်။ Soft neck brace or Neck Collar လို့ ခေါ်တဲ့ လည်ပင်းကြွက်သားတွေကို ထိန်းပေးတဲ့ ပစ္စည်းတွေကိုလည်း သုံးလို့ ရပါတယ်။ ဒါပေမဲ့ လည်ပင်းကြွက်သားတွေကို အားနည်းစေလို့ ကြာရှည် မသုံးသင့်ပါဘူး။

အိုင်တီခေတ်ထဲမှာ လူတွေဟာ မိုဘိုင်းဖုန်းတွေ၊ ကွန်ပြူတာတွေ၊ အခြားအိုင်တီပစ္စည်းတွေနဲ့ တစ်နေ့တစ်ခြား ပိုမိုယဉ်ပါးလာကြပြီ ဖြစ်ပါတယ်။ နေ့စဉ် အချိန်တော်တော်များများမှာလည်း အိုင်တီပစ္စည်းတွေနဲ့ ကုန်ဆုံးနေတတ်ကြပါတယ်။ စွဲလမ်းစရာ ဂိမ်းတွေနဲ့ Applications တွေကို အချိန်ကြာမြင့်စွာ စွဲစွဲလမ်းလမ်း အသုံးချရင်း နည်းလမ်းမှန်ကန်စွာ နေထိုင်နိုင်မယ့် ကျန်းမာရေး နည်းလမ်းတွေကို တဖြည်းဖြည်း လျစ်လျူရှုလာကြပါတယ်။ လည်ပင်းကို ဒဏ်ပိစေမယ့် အနေအထားနဲ့ အာရုံစူးစိုက်ပြီး ဂိမ်းဆော့တာတွေ၊ စာဖတ်တာတွေ၊ Website ကြည့်တာတွေကြောင့် အရိုးကျီးပေါင်းတက်တဲ့သူတွေကို ဆေးခန်းတွေမှာ အတွေ့ရများလာပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သတိပြု ဆင်ခြင်စရာတွေကို သိရှိနိုင်အောင် ရေးသားတင်ဆက်ပါတယ်။ ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ပြောင်းလဲလာတွေနဲ့ လိုက်နာသင့်တာလေးတွေကို ဖတ်ရှုပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

ဝိုင်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.