“ကစ်ကတော့ LGBTတွေကိုတော့ အပြည့်အဝ အားပေးတယ်”ဆိုတဲ့ ဝတ်မှုံရွှေရည်

ရန်သူဇာတ်ကားမှာ Transgender အမျိုးသားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ဝတ်မှုန်ရွှေရည်က LGBTတွေကိုတော့ အပြည့်အဝ အားပေးတယ်လို့ ပြောလိုက်တာကြောင့် သူမရဲ့ LGBTတွေ အပေါ်ထားတဲ့အမြင်နဲ့ ဇာတ်ကားရိုက်ဖြစ်ပုံတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

မေး- မင်္ဂလာပါ….ကစ်။

ဖြေ- ဟုတ် မင်္ဂလာပါ…။

မေး- ကစ်အနေနဲ့ ရန်သူဇာတ်ကားမှာ Transgender အမျိုးသားဇာတ်ကောင်အဖြစ် ဘာလို့ ရိုက်ကူးဖြစ်ခဲ့တာလဲ။
ဖြေ-ဒီဇာတ်ကားကို လက်ခံဖြစ်တာက ဒီထဲက Transgender အမျိုးသားဇာတ်ရုပ်ကြောင့် ပေါ့။ ကိုယ့်အတွက်က အသစ်တခုဖြစ်လို့ပါ။

မေး-ကစ်အနေနဲ့ Transgender အမျိုးသား ဇာတ်ကောင်ကို ဘယ်လိုလေ့လာဖြစ်လဲ။
ဖြေ- ပြင်ဆင်မှုက ဒီဇာတ်ကားမရိုက်ခင်တည်းကရယ် ဒီဇာတ်ကားက Transgender အမျိုးသားဆိုတော့ သူတို့တွေရဲ့ ကာရိုက်တာ ဘယ် လိုမျိုးလဲ၊ သူတို့ရဲ့နေပုံထိုင်ပုံ၊ သွားပုံလာပုံ၊ ပြောပုံဆိုပုံ အားလုံးကို လိုက်လေ့လာတယ်။ အပြင်မှာလည်း တကယ့် Transgender အမျိုး သားအစစ်တွေနဲ့ ကစ် စကားပြောကြည့်တယ်။ သူတို့နဲ့ နေ့တိုင်းတွေ့ဖြစ်တယ်။ သူတို့အမူအရာ၊ လေယူ လေသိမ်းတွေကအစ လိုက်ကြည့်ထားတယ်ပေါ့။ လေ့လာတယ်။ အကုန်လုံးကို လိုက်ကြည့်ပြီး ကိုယ့်အိုင်ဒီယာပါ ထည့်သရုပ်ဆောင်တာပါ။

မေး-ဇာတ်ကားထဲ တကယ့် Transgender အမျိုးသားတစ်ယောက်လို ပီပြင်နေတာ တွေ့ရတယ်။
ဖြေ- ဒီဇာတ်ကား မရိုက်ခင်တည်းက ဆန်းကြယ်ဆိုတဲ့ Transgender အမျိုးသားအနေနဲ့ နေတာပေါ့။ Transgender အမျိုးသားတစ်ယောက်လို စိတ်က တောက်လျှောက်နေသွားတာ။ ဇာတ်ကားတစ်ခုကောင်းဖို့ တစ်ယောက်တည်း ကောင်းနေလို့ မရဘူး။ အပေးအယူမျှမှ ဇာတ်က ကြွတာ။ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း ဒီလိုလေးလုပ်ချင်တယ်။ အကြံပေးတာလေးတွေ ညှိနှိုင်းလုပ်ကြတယ်။ အပြင်က Transgender အမျိုးသားတစ်ယောက်နဲ့ တူချင်မှတူမှာ ဇာတ်ကောင် စရိုက်ပေါ့။ ဝတ္တုထဲက ဇာတ်ရုပ်ဆိုတော့ အပြင်က Transgender အမျိုးသားတွေနဲ့ ထပ်တူတူချင်မှ တူမှာ။ စိတ်နေစိတ်ထားက အစပေါ့။

မေး-ဒီဇာတ်ကားက ကစ်ကစ်ရဲ့ Transgender အမျိုးသားလေးကို နေခြည်ဦးက ကြွေသွားတယ် ပြောတယ်။ ကစ်ကရော…။
ဖြေ- Transgender အမျိုးသားဖက်ရှင် Stylist က အငယ်လေးက လုပ်ပေးတယ်။ ကိုယ်လည်း စိတ်ဝင်စားချင်တယ်။ ကြွေသွားတယ်ဆိုတော့လည်း ဘယ်လို ပြောရမလဲဆိုတော့…….(ရယ်လျက်)။

မေး- ကစ်ကစ်အနေနဲ့ LGBTတွေကို နားလည်ပေးနိုင်လား။
ဖြေ- စာနာ နားလည်ပေးနိုင်တာပေါ့။ ကိုယ်ကိုယ်တိုင်လည်း Transgender အမျိုးသားတွေရော မိတ်ကပ်အလှဖန်တီးရှင်တွေနဲ့က အတူတူကြီးပြင်းလာတာမျိုး ဖြစ်နေတာပေါ့။ ဒီလောကထဲမှာ အကုန်လုံးကို နားလည်တယ်။

မေး-ကစ်ကစ်ရဲ့ LGBTတွေအပေါ် အမြင်ကရော။
ဖြေ- ကစ် LGBTတွေကို ထောက်ခံတယ်။ LGBT အလှဖန်တီးရှင်တွေဆိုတာ ကိုယ်တွေနဲ့က သူတို့လက်ပေါ်မှာ ကြီးလာတာ။ ကိုယ် မင်းသ မီးစလုပ်တည်းက ငယ်ငယ်လေးတည်းကရယ် သူတို့နဲ့က တကယ့်ကို ညီအစ်မတွေ မောင်နှမတွေလို နေခဲ့တာ။ သူတို့ဆီကလည်း ပညာရတာတွေ ရှိတယ်။ သူတို့ဆီကလည်း အတွေ့အကြုံတွေ ခွန်အားရတာတွေ ရှိခဲ့တယ်။ ကစ်ကတော့ LGBTတွေကိုတော့ အပြည့်အဝ အား ပေးတယ်။

မေး- အခုလို ဖြေကြားပေးတဲ့အတွက် ကစ်ကစ်(ဝတ်မှုန်ရွှေရည်)ကို ကျေးဇူးတင်ပါတယ်။
ဖြေ- ကစ်ကလည်း Rainbow မဂ္ဂဇင်းကို ကျေးဇူးတင်ပါတယ်။

                                                                                                                                                        လဲ့လဲ့

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.