မြန်မာနိုင်ငံက LGBT တွေ မိမိဖြစ်တည်မှုကို ဂုဏ်ယူနိုင်စေဖို့ “This is me”သီချင်းကို Cover song အဖြစ် ရိုက်ကူး

မြန်မာနိုင်ငံက LGBT တွေ မိမိဖြစ်တည်မှုကို ဂုဏ်ယူနိုင်စေဖို့ “The Greatest Showman”ဇာတ်ကားထဲက ကမ္ဘာကျော်သီချင်းတစ်ပုဒ်ဖြစ် တဲ့ “This is me” သီချင်းကို Cover Song အဖြစ် ရိုက်ကူးထားတဲ့ Music video လေးကို မကြာခင် ပရိတ်သတ်ရှေ့ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

ဒီသီချင်းကို Benj Pasek နဲ့ Justin Paul က ရေးဖွဲ့ထားတာဖြစ်ပြီး Keala Settle က The greatest Showman ဇာတ်ဝင်တေးအဖြစ် သီ ဆိုပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ Music Video လေးကိုတော့ ယူရီနဲ့ ဒယ်နီရယ်စောက Cover Song အဖြစ် ပြန်လည်သီဆိုပေးထားပြီး ဒါရိုက်တာ ကြယ်ရီလင်းစစ် နဲ့ ပြည်သျှိုင်းကိုတို့က ပြန်လည်ပုံဖော် ရိုက်ကူးပေးထားပါတယ်။

“အဓိက ဒီဗီဒီယို ရိုက်ကူးဖြစ်တဲ့အကြောင်းကတော့ Gender Equality Network ကနေ ဇွန်လရဲ့ Pride Month အတွက် LGBT တွေ   စိတ် ခွန်အားရစေဖို့ Music Video တစ်ခုရိုက်ဖို့ အကူအညီလာတောင်းတယ်ပေါ့။ အဲဒါနဲ့ ကိုယ်တိုင်ကလည်း LGBT Supporter ဖြစ်တဲ့အတွက် ဒီလိုမျိုးလည်း ထုတ်လုပ်ချင်တာမို့ ခက်ခက်ခဲခဲနဲ့ တကယ်ကို ကမ္ဘာကျော် ရုပ်ရှင်ကားတစ်ခုက Music Video ကို ပြန်ပြီးတော့ ရိုက်ကူးဖြစ် ဖို့ လက်ခံဖြစ်တာပါ။ အရမ်းကောင်းတဲ့သီချင်းဖြစ်တဲ့အတွက် ဆိုရတဲ့သူတွေအတွက် မလွယ်ပါဘူး။ ရိုက်ကတဲ့ သူတွေအတွက်လည်း မလွယ်ပါဘူး။ အတတ်နိုင်ဆုံးကြိုးစားထားပါတယ်။ အထူးသဖြင့် မြန်မာ့ LGBT လောကရဲ့ Theme ပေါ်အောင်၊ အနှစ်သာရပေါ်အောင် အတတ်နိုင်ဆုံးကြိုးစားထားပါတယ်။ ကျေးဇူးပြုပြီး အားပေးကြပါအုံးနော်”လို့ ဒါရိုက်တာ ကြယ်ရီလင်းစစ်က ပြောပါတယ်။

ကြယ်ရီလင်းစစ်အနေနဲ့ “အမိုးမရှိတဲ့ကောင်းကင်” (၂၀၁၄ -လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်) ၊ “She” (Gender Equality Award, ၂၀၁၇- လူ့ အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်)စတဲ့ ဇာတ်ကားတွေနဲ့ ထင်ရှားသူဆုရ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင်လည်း “It’s time to talk ” အမည်ရ ဒစ်ဂျစ်တယ်အခွင့်အရေး မှတ်တမ်းရုပ်ရှင်ကားတွင် LGBT Issues ကို ထည့်သွင်းရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။

Music Video လေးဖြစ်မြောက်ရေးအတွက် Kings N Queens Theater Group က LGBT လူငယ်များအကအဖွဲ့မှ နောက်ခံအကဖြင့် ပါဝင် အားဖြည့်ပေးထားသလို Transgender အမျိုးသား ပိုင်စိုးစံနဲ့ Transgender အမျိုးသမီး မထက် (Pop Soul) တို့ကလည်း ပါဝင်သရုပ် ဆောင်ပေးထားကြပါတယ်။


“ကိုယ့်အသိုင်းအဝိုင်းမှာ ဒီလိုမျိုးလေးတွေ ရိုက်ကူးတဲ့အတွက်လည်း ပျော်လည်း ပျော်ပါတယ်။ ဒီသီချင်းလေးရိုက်မယ်ဆိုတော့ LGBT တစ် ယောက်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်လည်းယူပါတယ်။ ကိုယ်နဲ့အတူတူ ပါဝင်တဲ့သူတွေကလည်း LGBT ပဲဖြစ်တဲ့အတွက် အခက်အခဲတွေရှိပေမယ့်လည်း ပျော်စရာကောင်းကောင်းနဲ့ ရိုက်ကူးရေးက ပြီးသွားတယ်ပေါ့။ ကျွန်တော်တို့ Music Video လေးကို မကြာ ခင်တင်မယ်ဆိုတော့ အကုန်လုံးလည်း ကြည့်ပြီးဝေဖန်ပေးကြပါအုံးနော်”လို့ Transgender အမျိုးသား ပိုင်စိုးစံက ပြောပါတယ်။

ဒီ Music Video လေးကို Gender Equality Network က Pride Month အတွက် စီစဉ်ပေးခဲ့တာဖြစ်ပေမယ့် COVID-19 ကာလကြောင့် ဇူလိုင်လမှ စတင်ရိုက်ကူးဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.