မြန်မာနိုင်ငံက Miss Trans Grand International 2018 ပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ကျင်းပမည်

Transgender အမျိုးသမီးတွေအတွက် ရည်ရွယ်ကျင်းပတဲ့ Miss Trans Grand International 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲကို ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက ရွေးချယ်ထားတဲ့ Transgender အမျိုးသမီး အလှမယ်(၄၀)ဦးနဲ့ နိုင်ငံ(၁၁)နိုင်ငံက ကိုယ်စားပြုအလှမယ် (၂)ဦးကျစီ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

“ဒီပွဲလေးကို လူသားခြင်း ခွဲခြားနှိမ့်ချခြင်း မရှိဖို့ရယ်၊ တန်းတူအခွင့်အရေးရရှိဖို့ ရည်ရွယ်ပြီး လုပ်တာပါ။ ဒါက မြန်မာနိုင်ငံမှာ International ပွဲအနေနဲ့ ပထမဆုံးပါ။ အခက်အခဲကတော့ မြန်မာနိုင်ငံမှာ Transgenderတွေအတွက် ပြုလုပ်တဲ့ပွဲတွေက အရမ်းနည်းနေသေးတော့ ပတ်ဝန်းကျင်က တိုက်ခိုက်ကြတာပေါ့။ Transgenderကို နေရာတစ်ခု ပေးတယ်ပေါ့ ၊ အလုပ်မရှိ အလုပ်ရှာ လုပ်ကြတယ်ပေါ့။ ဒီလို ဝေဖန်မှုတွေက ပိုများပါတယ် ” လို့ Program Director ဦးစွမ်းရည်ထက်က ပြောပါတယ်။

ဒီပွဲထဲကနေ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေက အလှမယ် Winner နှစ်ဦးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်သွားမှာဖြစ်ကာ LGBT လောကကို အထောက်အပံ့ပေးနိုင်တဲ့ သူမျိုးကိုသာ အဓိက ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

Miss Trans Grand International 2018 ပြိုင်ပွဲအတွက် စကာတင် လူရွေးချယ်မှုကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ၂၀၁၈ခုနှစ်၊ သြဂုတ်လပိုင်းအထိ တိုင်းနဲ့ ပြည်နယ် ဒေသအသီးသီးမှာ Miss Trans Grand International Myanmar 2018 ပြိုင်ပွဲပေါင်း(၁၀)ကျော် ပြုလုပ်ရွေး ချယ်ခဲ့ကြတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.