အချစ်ဆိုတာ ကျား၊မ ခွဲခြားထားတာ မရှိဘူးလို့ ဆိုလိုက်တဲ့ သရုပ်ဆောင် နေခြည်ဦး

လတ်တလော Transgender အမျိုးသားဆန်ဆန် ဆံပင်ပုံစံလေးကြောင့် ပရိသတ်စိတ်ဝင်စားမှုများလာတဲ့ သရုပ်ဆောင် နေခြည်ဦးက သူမအတွက်ကတော့ အချစ်ဆိုတာ ကျား၊မ ခွဲခြားထားတာ မရှိဘူးလို့ ဆိုလိုက်ပါတယ်။

“ Transgender အမျိုးသားနဲ့တူတယ် ဝိုင်းပြောကြတယ်။ ကျေနပ်တာပေါ့။ တမင်သက်သက် တူအောင်လုပ်တာ မဟုတ်ဘူး။ နေခြည်ကိုယ်တိုင်က ယော  င်္ကျားလေးလို နေတာ။ အချစ်မှာ ကျား၊ မ ခွဲတာ မရှိဘူး။ နေခြည်က ကောင်မလေးတွေကိုဆိုလည်း တစ်ခါတစ်လေ ၁၅၀၀နဲ့ ချစ်လိုက်တာပဲ။ ၅၂၈နဲ့လည်း ချစ်လိုက်တာပဲ။ အချစ်မှာ ဘယ်တော့မှ Sex ခွဲတယ်ဆိုတာ မရှိဘူး။ ဒါကြောင့် ကျား၊ မ အချစ်တွေ၊ မမချင်း အချစ်၊ ကျားကျားချင်း အချစ်ရယ်လို့ ခွဲမမြင်ဘူး။ Gayတွေဆိုလည်း နေခြည်ချစ်တယ်။ အားလုံး နေခြည်အတွက်က Love is all same ပဲ”လို့ သူမက ပြောလိုက်ပါတယ်။

သူမအနေနဲ့ ရန်သူဇာတ်ကားမှာ Transgender အမျိုးသားတစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်နဲ့အပြိုင် သရုပ်ဆောင်ထားပြီး သူမရဲ့ သူငယ်ချင်းတွေမှာလည်း Transgender အမျိုးသားတွေ ရှိတာကြောင့် LGBT တွေရဲ့အချစ်ကို နားလည်တယ်လို့ ဆိုပါတယ်။

“Transgender အမျိုးသားတွေ ချစ်တာ ခံချင်တာ အချစ်မခံဖူးဘူး။ ကိုယ်က ဒီဘက်မှာ ရှိတ်တွေတောင် ထိုးထားပြီးပြီ ကိုယ့်ကို ဘယ်သူမှ မကြိုက်သေးဘူး။ နေခြည် အကြိုက်ခံချင်နေပါတယ်။ မတွေ့သေးတာပေါ့။ ဒီကားလေးနဲ့များ တွေ့မလားပေါ့” သူမက ထပ်ပြောလိုက်ပါတယ်။

လက်ရှိ သူမအနေနဲ့ ဒီဇာတ်ကားထဲကလို Transgender အမျိုးသားတစ်ယောက်ရဲ့ အချစ်ကိုရဖို့ကိုလည်း စောင့်မျှော်နေတယ်လို့ ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.