Bright Pride က ကိုယ်ပိုင်စီးပွားရေးလုပ်ရန် စိတ်ဝင်စားတဲ့ LBT တွေအတွက် စွန့်ဦးတီထွင်စီးပွားရေးသင်တန်း ပြုလုပ်

Bright Pride – Myanmar Lesbian Organization မှ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေက ကိုယ်ပိုင်စီးပွားရေးလုပ်ရန် စိတ်ဝင်စားတဲ့ LBT (Lesbian, Bisexual, Transgender အမျိုးသားနဲ့ အမျိုးသမီး) တွေအတွက် စွန့်ဦးတီထွင် စီးပွားရေးသင်တန်းတစ်ခုကို မန္တလေးမြို့ရှိ Hotel Marvel မှာ ပြုလုပ်ပေးခဲ့ပါတယ်။

ဒီသင်တန်းကို ဇူလိုင်လ(၄)ရက်မှ (၈)ရက်အထိ ပြုလုပ်ခဲ့ပြီး မန္တလေး၊ တောင်ကြီး၊ မလှိုင်၊ ထီးချိုင့် ၊မုံရွာနဲ့ ရွှေဘိုမြို့နယ်တွေက LBT (Lesbian, Bisexual, Transgender အမျိုးသားနဲ့ အမျိုးသမီး) (၂၀)ဦး တက်ရောက်ခဲ့ပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ စီးပွားရေးကို ဘယ်က စလုပ်ကိုင်ရမှန်း မသိဘူး၊ အစီအစဉ်တော့ ရှိတယ်၊ ဆိုင်လေး ဖွင့်ချင်တယ်ဆိုတဲ့ LBT (Lesbian, Bisexual, Transgender အမျိုးသားနဲ့ အမျိုးသမီး) တွေအတွက် ရည်ညွန်းပြီး ဖွင့်ပေးဖြစ်တာပါ” လို့ Bright Pride Myanmar Lesbian Organization မှ မစုစုလှိုင်က ပြောပါတယ်။

သင်တန်းတက်ရောက်သူတွေထဲမှာ လက်ရှိ ပရိဘောဂလုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ သင်္ကန်းတိုက်၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်နဲ့ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်နေတဲ့ အသေးစား၊ အလတ်စား စီးပွားရေးသမားတွေလည်း ပါဝင်ခဲ့ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.