Bright Pride Myanmar က LGBT တွေအတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင် သင်တန်းဖွင့်လှစ်

ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားတဲ့ LGBT လူငယ်တွေနဲ့ အသေးစားလုပ်ငန်းရှင် LGBT တွေအတွက် Bright Pride Myanmar Organizationက စွန့်ဦးတီထွင်လုပ်ငန်းရှင်သင်တန်းတစ်ခုကို ရန်ကုန်မြို့ရှိ Royal Landmark Hotel မှာ ပြုလုပ်ခဲ့ပါတယ်။


Bright Pride Myanmar အနေနဲ့ အခုလိုသင်တန်းမျိုးပြုလုပ်လာတာဆိုရင် (၅)ကြိမ်မြောက်ရှိပြီဖြစ်ကာ ယခုသင်တန်းကိုတော့ အလယ်တန်းအဆင့်ပညာရေးကိုသာ သင်ကြားခဲ့ရသူတွေအတွက် ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။

“ဒီသင်တန်းက Bright Pride အနေနဲ့ဆိုရင် (၅)ကြိမ်မြောက် ဖွင့်တာပါ။ ဒီတစ်ခေါက်လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ အဓိကဦးတည်တာက အခြေခံပညာအလယ်တန်းအဆင့်အထိပဲ သင်ခဲ့ရတဲ့သူတွေကို ရည်ရွယ်ပြီးဖွင့်တာ ဖြစ် ပါတယ်။ ဒါက Bright Pride အနေနဲ့ ပထမဆုံးပေးတဲ့ သင်တန်းလည်း ဖြစ်ပါတယ်”လို့ Bright Pride Myanmar Organization မှ Founder တစ်ဦးက ပြောပါတယ်။


ဒီသင်တန်းကို ဖေဖော်ဝါရီလ(၁)ရက်ကနေ (၆)ရက်နေ့အထိ ပြုလုပ်ခဲ့ကာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက LGBT (၂၁)ဦး တက်ရောက်ခဲ့ကြပြီး လက်ရှိ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့ LGBT တွေလည်း ပါဝင်ထားပါတယ်။

Bright Pride Myanmar ဟာ LGBT တွေကို စွန့်ဦးတီထွင်လုပ်ငန်းရှင်သင်တန်းနဲ့ ဟော်မုန်းနဲ့ပတ်သက်တဲ့ ဗဟုသုတသင်တန်းတွေ ပြုလုပ်ပေးနေတဲ့ Lesbian အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း၍ လည်း ကမ်ပိန်းတွေ၊ လူထုစည်းရုံးလှုံ့ဆော်မှုနဲ့ LGBT ဆိုင်ရာ အထိမ်းအမှတ်ပွဲအခမ်းအနားတွေ၊ လူမှုပရဟိတလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.