Colors Rainbow က LGBT စီးပွားရေးလုပ်ငန်းရှင်တွေအတွက် စွန့်ဦးတီထွင် စီးပွားရေးသင်တန်းပြုလုပ်ပေး

Colors Rainbow မှ ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် LGBT တွေအတွက် စွန့်ဦးတီထွင် စီးပွားရေးသင်တန်းတစ် ခုကို ရန်ကုန်မြို့ရှိ Sat Sun ဟိုတယ်မှာ ပြုလုပ်ပေးခဲ့ပါတယ်။

ဒီသင်တန်းကို အောက်တိုဘာလ(၂၈)ရက်မှ နိုဝင်ဘာလ(၁)ရက်အထိ ပြုလုပ်ခဲ့ပြီး ဒါဟာ စတုတ္တအကြိမ်မြောက် သင်တန်းတစ်ခုလည်း ဖြစ် ပါတယ်။

စွန့်ဦးတီထွင် စီးပွားရေးသင်တန်းကို ရန်ကုန်၊ တောင်ငူ၊ ကျောက်ပန်းတောင်း ၊ သထုံ၊ ပဲခူး၊ မင်းဘူး၊ မန္တလေး၊ မိထ္တီလာ၊ ပြည်၊ တောင်တွင်း ကြီး၊ မကွေး အစရှိတဲ့ တိုင်းနဲ့ ပြည်နယ်ဒေသအသီးသီးက စီးပွားရေးလုပ်ငန်းရှင် LGBT (၂၀)ဦး တက်ရောက်ခဲ့ပါတယ်။

သင်တန်းတက်ရောက်သူတွေထဲမှာ လက်ရှိ Power Bank လုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်း၊ ပြည်တွင်း-ပြည်ပ ခရီးသွားလုပ်ငန်း၊ စားဆောက်ဆိုင်လုပ်ငန်း၊ လယ်ယာသုံးပစ္စည်း အရောင်းဆိုင်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စွယ်တော်စိမ်း Media၊ Online Shopping၊ IT ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်တွေ ပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.