Colors Rainbow မှ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်သင်တန်း ဖွင့်လှစ်

မြန်မာနိုင်ငံတစ်ဝှမ်း ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်ရန် စိတ်ဝင်စားသည့် LGBT လူငယ်များနှင့် အသေးစားလုပ်ငန်းရှင် LGBT များအတွက် စွန့်ဦးတီထွင်စီးပွားရေး သင်တန်းတစ်ခုကို ရန်ကုန်မြို့ရှိ Dream Catcher Hotel တွင် Colors Rainbow က ပြုလုပ်ခဲ့သည်။

၄င်းသင်တန်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ LGBT (၁၈) ဦး တက်ရောက်နေပြီး ဂျူလိုင်လ (၂) ရက်မှ (၇) ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“သင်တန်းသားတွေက LGBT အဓိကဆိုတော့ ဒီလိုသင်တန်းတွေက ထိထိရောက်ရောက် လုပ်နိုင်ရင်လုပ်နိုင်သလောက် တိုးတက်မှုရှိမယ်။ သူတို့က အလုပ်သမားထက် အလုပ်ရှင်ဖြစ်ဖို့ များတယ်။ သူတို့ကို အခုက နည်းပညာပဲ ပေးနိုင်သေးပေမယ့် တချိန်ချိန် အခြားရင်နှီးမြုပ်နှံမှုတွေပါရရင် အများကြီးတိုးတက်လာမယ်” ဟု သင်တန်းဆရာ ဦးကျော်မင်းဦးက ပြောသည်။

တက်ရောက်သည့် သင်တန်းသူ၊ သင်တန်းသား LGBT (၁၈) ဦးတွင် (၁၄) ဦးမှာ လက်ရှိ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ကြပြီး ကျန်သင်တန်းသူ၊ သင်တန်းသားများမှာ ကုမ္ပဏီဝန်ထမ်းများနှင့် မိဘလက်ငုပ်လက်ရင်း စီးပွားရေးကို ဆက်လက်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။

“ကျွန်တော် စားသောက်ကုန်လုပ်ငန်းကို စိတ်ဝင်စားလို့ လေ့လာနေတုန်းပါ။ အခုကတော့ Closer Fashion မှာ အထွေထွေမန်နေဂျာ လုပ်နေတယ်။ အွန်လိုင်းရှော့ပင်းလည်း လုပ်တယ်” ဟု မော်လမြိုင်မှ သင်တန်းသား Transgender အမျိုးသား ကိုဇေယျာမင်း က ပြောသည်။

သင်တန်းကာလအတွင်း Business Plan ရေးဆွဲခြင်း၊ အရောင်းနှင့် စျေးကွက်ရှာဖွေခြင်း အကျိုးသက်ရောက်မှုများ၊ လူနှင့် ထုတ်လုပ်မှုများအကြောင်းနှင့် HR (Human Resource) အကြောင်းတို့ကို သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

One thought on “Colors Rainbow မှ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်သင်တန်း ဖွင့်လှစ်

  • July 4, 2018 at 6:14 pm
    Permalink

    ပုံမှန်ပြုလုပ်သွားနိုင်လေလေ ကောင်းလေပဲ အရမ်းလိုအပ်တယ်

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.