COVID-19 ကာလအတွင်း LGBTIQ အိမ်ထောင်စု (၁၀၀၀)ကျော်ကို ကျပ်သိန်းပေါင်း(၄၀၀)ကျော်တန်ဖိုးရှိ မီးဖိုချောင်သုံး ကုန်ပစ္စည်းများ ထောက်ပံ့ခဲ့

မြန်မာနိုင်ငံမှာ လတ်တစ်လော ဖြစ်ပွားနေတဲ့ COVID-19 ကာလမှာ Colors Rainbow အဖွဲ့အနေနဲ့ မြို့ကြီး(၁၈) မြို့နယ်က LGBTIQ အိမ်ထောင်စု(၁၀၀၀)ကျော်အတွက် ကျပ်သိန်းပေါင်း (၄၀၀)ကျော်တန်ဖိုးရှိ မီးဖိုချောင်သုံးပစ္စည်းတွေ ထောက် ပံ့ကူညီခဲ့ပါတယ်။

Colors Rainbow အဖွဲ့နဲ့ LGBT Rights Network တို့ ပူးပေါင်းကာ ပထမအကြိမ် ရန်ကုန်၊ မန္တ လေး၊ ပဲခူး၊ လားရှိုး၊ မြစ်ကြီး နား၊ မော်လမြိုင်၊ မြင်းခြံနဲ့ မုံရွာမြို့တို့မှာ အခက်အခဲဖြစ်နေတဲ့ LGBTIQ အိမ်ထောင်စု(၄၀၈)တွေကို သက်ဆိုင်ရာ LGBTIQ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆပ်ပြာ၊ ငါးသေတ္တာစတဲ့ ပစ္စည်းတွေကို အိမ်တိုင်ရာရောက်ပေးဝေခဲ့ပါတယ်။

ဒါပြင် ပခုဣူ၊ ချောက်၊ ကလေး၊ ကျောက်ပန်းတောင်း၊ မလှိုင်၊ ပုသိမ်၊ ရွှေဘို၊ ညောင်ရွှေနဲ့ ပြည်မြို့တို့က LGBTIQ အိမ်ထောင်စု  (၆၉၀)ကိုလည်း မီးဖိုချောင်သုံးပစ္စည်းတွေ ဒုတိယအကြိမ်မြောက် အိမ်တိုင်ရာရောက်ပေးဝေခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ရောဂါကြီးကို တွန်းလှန်နိုင်ဖို့ Colors Rainbow အဖွဲ့အနေနဲ့ ချစ်ခင်ရတဲ့ LGBTIQ မိသားစုဝင်တွေ အခက်အခဲ၊ အကြပ်အတည်းနဲ့ ကြုံတွေ့နေချိန်မှာ ကူညီခွင့်ရခဲ့လို့ ဝမ်းသာပီတိဖြစ်မိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.