Lady Boy ရုပ်ရှင်ဇာတ်ကားကို ဇွန်လ(၆)ရက်မှာ မြန်မာတစ်နိုင်ငံလုံး ရုံတင်ပြသမည်

Transgender အမျိုးသမီးပုံစံ မင်းသားပြေတီဦး ပါဝင်သရုပ်ဆောင်ထားတဲ့ “Lady Boy”အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ဇွန်လ(၆)ရက်တွင် မြန်မာတစ်နိုင်ငံလုံး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

“Lady Boy” ရုပ်ရှင်ဇာတ်ကားဟာ ထိုင်းနိုင်ငံရောက် မြန်မာတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို အက်ရှင်၊ ဟာသရောကာ ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံက သရုပ်ဆောင်တွေ ပူးပေါင်းပါဝင် ရိုက်ကူးထားပါတယ်။

Bo Bo Film Production မှ ရိုက်ကူးထုတ်လုပ်ထားတဲ့ “Lady Boy” ရုပ်ရှင်ဇာတ်ကား Red Carpet Show ကိုတော့ ဇွန်လ(၃)ရက်က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

ဒီဇာတ်ကားရဲ့ Red Carpet Show မှာ မြန်မာဘက်က သရုပ်ဆောင်တွေသာမက ထိုင်းနိုင်ငံဘက်က သရုပ်ဆောင်တွေလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ဒီဇာတ်လမ်းကို ဓနုတ်ကိုကိုဇော်၊ ဇာတ်ညွှန်း သက်ဦးမောင်၊ ညီညီဘမောင်နဲ့ မင်းသခင်တို့က ရေးသားခဲ့ပြီး ဒါရိုက်တာ ကိုပေါက်က သရုပ် ဆောင် ပြေတီဦး၊ ထူးအောင်၊ ခင်လှိုင်၊ ညောင်ညောင်၊ ဇီးသီး၊ ဂျိုကာ၊ အိချောပိုတို့နဲ့ ရိုက်ကူးထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.