COVID-19 က LGBT တွေကို သိသာထင်ရှားတဲ့ အကြောင်းပြချက်သုံးခုဖြင့် အန္တရာယ်များစေတယ်လို့ ကျန်းမာရေးအကြီးအကဲတွေ ပြောကြား
COVID-19 ဗိုင်းရပ်စ်က LGBT တွေကို သိသာထင်ရှားတဲ့ အကြောင်းပြချက်သုံးခုဖြင့် အန္တရာယ်များစေတယ်လို့ ကျန်းမာရေးအကြီးအကဲတွေ က ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးအဖွဲ့အစည်းတွေက နိုင်ငံတကာရှိ အစိုးရတွေထံ အိတ်ဖွင့်ပေးစာမှာ LGBT အသိုင်းအဝန်းရှိလူတွေက COVID-19 ဗိုင်းရပ်စ် ပိုမို ကူးစက်ခံရနိုင်ချေရှိသောကြောင့် ထိုကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။
LGBT အသိုင်းအဝန်းကတော့ ကူးစက်ရောဂါနဲ့ တဖက်သတ် အဆိုးမြင် မုန်းတီးမှုတွေကို ကြုံတွေနေရသည်မှာ ကြာပြီဖြစ်ပါတယ်။ COVID- 19 နဲ့ ပတ်သက်တဲ့ တုံ့ပြန်ဆောင်ရွက်နေသူတွေသို့ အိတ်ဖွင့်ပေးစာမှာ LGBT အသိုင်းအဝန်းက လူတွေကို လုံလောက်တဲ့ ကုသပေးမှုများ ရှိ စေဖို့ တိုက်တွန်းထားပါတယ်။
LGBTတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖို့ အန္တရာယ်ပိုများစေတဲ့ အချက် (၃)ချက်ပါ အိတ်ဖွင့်ပေးစာကတော့ National LGBT Cancer Network က ဉီးဆောင်ပြီး အခြား US ရှိပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းပေါင်း (၁၀၀)ကျော်မှ လက်မှတ်ရေးထိုးကာ နိုင်ငံတကာရှိ အစိုးရတွေ ကို တင်ပြထားခြင်း ဖြစ်ပါတယ်။
ထိုအချက် (၃)ချက်ကတော့ LGBT အသိုင်းအဝန်းထဲမှာ ဆေးလိပ်သောက်သုံးမှု သိသိသာသာများနေခြင်း၊ HIV နဲ့ ကင်ဆာရောဂါရှိသူ များ ပြားခြင်းနဲ့ ကျန်းမာရေးဝန်ဆောင်မှု ရယူရန် တွန့်ဆုတ်နေမှုများကြောင့် ဖြစ်ပါတယ်။
(ကမ္ဘာ့ကျန်းမာရေးအဖွဲ့)WHO မှ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေငြာပြီးနောက်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က UK သာမက ဥရောပနိုင်ငံအားလုံးမှ အမေရိကန်သို့ ခရီးသွားလာမှုအားလုံးကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။
မီဒီယာကရော ကျန်းမာရေးဝန်ထမ်းတွေကပါ COVID-19 ကို အားသွန်ခွန်စိုက် တိုက်ဖျက်နေချိန်မှာ ထိခိုက်ခံရလွယ်တဲ့ LGBT တွေကိုလည်း မေ့မထားကြဖို့ကို National LGBT Cancer Networkမှ ဒုတိယ ညွှန်ကြားရေးမှုး ဒေါက်တာ စကောက် ကလည်း သတိပေးပြောကြားခဲ့ပါ တယ်။
LGBT တွေအကြားမှာ ဆေးရွက်ကြီး သုံးစွဲမှုက သာမန်ပြည်သူတွေထက် ၅၀ ရာခိုင်နှုန်းမြင့်မားနေပြီး၊ ကိုရိုနာ အဆုတ်ရောင်ရောဂါကလည်း ဆေးလိပ်သောက်သုံးသူတွေကို ပိုမိုအသက်အန္တရာယ် ပေးနိုင်ပါတယ်။
ဒါအပြင် LGBT အသိုင်းအဝန်းထဲမှာ HIV နဲ့ ကင်ဆာရောဂါရှိသူ ပိုများတာကြောင့် ခုခံအားကျဆင်းနေခြင်းကလည်း ပိုမို ထိခိုက်လွယ်စေပါ တယ်။
ကျန်းမာရေးဝန်ဆောင်မှု ပေးနေသူတွေက LGBT တွေအပေါ် နားလည်မှုမရှိခြင်း၊ ကျေကျေနပ်နပ် မကုသပေးလိုခြင်းနဲ့ ခွဲခြားဆက်ဆံခြင်း တွေကြောင့် LGBT တွေဟာ ကျန်းမာရေး အထောက်အပံ့ယူရန် အခက်အခဲ ဖြစ်နေကြပါတယ်။
နိုင်ငံတကာရှိ Professional ကျန်းမာရေးဝန်ထမ်းများရဲ့ အဖွဲ့အစည်းဖြစ်တဲ့ GLMA မှ ဥက္ကဌဖြစ်သူ စကော့နတ်စ်ကလည်း ကျန်းမာရေးကျွမ်း ကျင်သူတွေ ညွှန်ကြားထားတဲ့ လက်ကိုပုံမှန် ဆေးကြောခြင်းနဲ့ အခြားလုပ်ဆောင်သင့်သည်တွေကို အလေးထားပြုလုပ်ဖို့ ပြောကြားထားပါ တယ်။
ပြည်သူ့ကျန်းမာရေးအရာရှိတွေကလည်း LGBT တွေအနေနဲ့ COVID-19 ရဲ့ ပိုမိုထိခိုက်နိုင်ချေရှိမှုကို ထည့်တွက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်လို့ ဆက်လက်ပြောကြားထားပါတယ်။
Source- PinkNews