မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Transgender လွှတ်တော်အမတ် ဖြစ်ချင်ပါတယ်ဆိုတဲ့ Miss Trans Grand International Myanmar 2018 ရဲ့ Winner ဆုရှင် ရှင်းသန့်

Miss Trans Grand International Myanmar 2018 ရဲ့ Winner ဆုရှင် ရှင်းသန့်က LGBT အဖြစ် ပွင့်ပွင့်လင်းလင်း ပြောပြထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော လွှတ်တော်အမတ် ဖြစ်ချင်တယ်လို့ ပြောလိုက်ပါတယ်။

ရှင်းသန့်အနေနဲ့ စက်တင်ဘာလ(၂၂)ရက်၊ Sky Star ဟိုတယ်မှာ ကျင်းပခဲ့တဲ့  Miss Trans Grand International Myanmar 2018 ပွဲမှာ ယခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

” ရှင်းသန့်အနေနဲ့ LGBT ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ LGBT တွေက အလုပ်ခွင်၊ ကျောင်းနဲ့ ဆေးရုံဆေးပေးခန်းတွေမှာ အမြဲတမ်း ခွဲခြားဆက်ဆံခံရပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရာဇသတ်ကြီးပုဒ်မ (၃၇၇)၊ ဒီဥပဒေရှိနေတဲ့အတွက်ကြောင့် ကျွန်မတို့ LGBT တွေအပေါ်မှာ ဖိနှိပ်ခံရတယ်၊ ခွဲခြားခံရတယ်၊ ဖမ်းဆီးခံရတယ်။ ဒါကြောင့်မို့လို့ LGBT အဖြစ် ပွင့်ပွင့်လင်းလင်း ပြောပြထားတဲ့ မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော လွှတ်တော်အမတ် ဖြစ်ချင်ပါတယ်”လို့ Winner ဆုရှင် ရှင်းသန့်က ပြောပါတယ်။

ရှင်းသန့်အနေနဲ့ Miss Trans Grand International Myanmar 2018 ရဲ့ Winner ဆုအပြင် Miss People Choice Award ၊ Miss Personality Award နဲ့  Miss Myat Entertainment Award ဆုများကို ရရှိခဲ့ကာ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ကျင်းပမယ့် Miss Trans Grand International 2018 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ 

“လွှတ်တော်အမတ်တစ်ယောက်ဖြစ်ဖို့ နိုင်ငံရေးနဲ့ သက်ဆိုင်တာတွေ လေ့လာမယ်။ ဖြစ်လာဖို့ကတော့ အခက်အခဲတွေ ရှိတာပေါ့။ အဓိကလူထုနဲ့ ပါတီက ထောက်ခံပေးမှ ဖြစ်မှာလေ။ ရှေးရိုးစွဲတွေ၊ ဘာသာရေးနဲ့ ဓလေ့ထုံးထမ်းတွေက အလေ့အထတစ်ခုအနေနဲ့ အတားအဆီး အဖြစ် ရှိနေတာပေါ့လေ”လို့ Transgender တစ်ဦးအနေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို သူမက အခုလို ပြောပြပါတယ်။

နောက်ပြီး ရှင်းသန့်အနေနဲ့ အောက်တိုဘာလ(၆)ရက်နေ့ The Strand Hotel မှာ ကျင်းပမယ့် TEDx Yangon 2018 ပွဲကြီးမှာ LGBT Rights Issue ကို လွှတ်တော်အမတ်ပုံစံမျိုးနဲ့ ဟောပြောသွားမှာ ဖြစ်ပါတယ်။

Transgender အမျိုးသမီးတွေအတွက် ရည်ရွယ်ကျင်းပတဲ့ ဒီပွဲကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက Transgender အမျိုးသမီး အလှမယ်(၂၉)ဦး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဆန်ကာတင် လူရွေးချယ်မှုကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ၂၀၁၈ခုနှစ်၊ သြဂုတ်လပိုင်းအထိ တိုင်းနဲ့ ပြည်နယ် ဒေသအသီးသီးမှာ ပြိုင်ပွဲပေါင်း (၁၀)ကျော် ပြုလုပ်ပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ။

One thought on “မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Transgender လွှတ်တော်အမတ် ဖြစ်ချင်ပါတယ်ဆိုတဲ့ Miss Trans Grand International Myanmar 2018 ရဲ့ Winner ဆုရှင် ရှင်းသန့်

  • September 24, 2018 at 12:01 pm
    Permalink

    I’m proud of u.

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.