Miss Trans Grand International Myanmar 2018 ရဲ့ နောက်ဆုံးဇကာတင် အလှမယ်တွေကို စာနယ်ဇင်းအပ်နှံပွဲပြုလုပ်

Miss Trans Grand International Myanmar 2018 ရဲ့ နောက်ဆုံးဇကာတင် အလှမယ်တွေကို စာနယ်ဇင်းများထံ မိတ်ဆက်အပ်နှံတဲ့ အခမ်းအနားကို တော်လှန်ရေးပန်းခြံအနီးရှိ My Hotel မှာ စက်တင်ဘာလ ၂၀ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲမှာ Miss Transgender အမျိုးသမီး အလှမယ်(၂၉)ဦးကို စာနယ်ဇင်းများထံ မိတ်ဆက်အပ်နှံခဲ့ပါတယ်။

“Transgender အမျိုးသမီးတွေကို လူသားချင်း ခွဲခြားနှိမ့်ချမှု မရှိဖို့၊ လူသားချင်းတန်းတူ အခွင့်အရေးရဖို့ ဒီလိုအခမ်းအနားတွေ ပြိုင်ပွဲတွေကို ကျင်းပရတာပါ။ အလှမယ်တွေက လှပဖို့အတွက်တင်မဟုတ်ဘူး။ ပွဲတွေမှာရတဲ့အတွေ့အကြုံတွေကို သူတို့ကိုယ်စားပြုတဲ့မြို့တွေမှာ အသိပညာတွေ မျှ ဝေပေးနိုင်ဖို့နဲ့ Transgender တွေအတွက် အုတ်တချပ် သဲတပွင့်အဖြစ် အကျိုးပြုသွားနိုင်ဖို့ ရည်ရွယ်တာပါ” လို့ Miss Trans Grand International Myanmar 2018 ပြိုင်ပွဲကျင်းပရေး Global Director ကိုစွမ်းရည်ထက်က ပြောပြပါတယ်၊၊

Transgender အမျိုးသမီးတွေအတွက် ရည်ရွယ်ကျင်းပတဲ့ Miss Trans Grand International 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်၊ Sky Star ဟိုတယ်၌ ကျင်းပသွားမှာ ဖြစ်ပါတယ်။

“အဓိကကတော့ LGBTတွေကို လူတွေက များသောအားဖြင့် ခွဲခြားနှိမ့်ချ မုန်းတီးကြတယ်လေ။ အဲလိုမျိုး ခွဲခြားနှိမ့်ချမှုတွေမရှိရအောင် ဒီလိုပြိုင်ပွဲကတဆင့် အသိပညာဗဟုသုတတွေ ပေးတယ်။ ခွန်အားတွေ ရစေတယ်။ LGBTနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှ ရှေ့ဆက်ပြီးလုပ်သွားမယ်။ LGBTတွေကို မခွဲခြားဘဲ အားလုံးလူထဲကလူလိုပဲ လူသားချင်းစာနာထောက်ထားစွာနဲ့ တယောက်နဲ့တယောက် ဖေးဖေးမမ ကူညီမှုတွေနဲ့အတူ လက်တွဲသွားချင်တယ်။ LGBTတွေကလည်း လူထဲက လူတွေပါပဲ”လို့ သထုံမြို့နယ်ကိုယ်စားပြု အလှမယ် ရဲဝင့်သူက ပြောပါတယ်။

Miss Trans Grand International 2018 ပြိုင်ပွဲအတွက် စကာတင် လူရွေးချယ်မှုကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ၂၀၁၈ခုနှစ်၊ သြဂုတ်လပိုင်းအထိ တိုင်းနဲ့ ပြည်နယ် ဒေသအသီးသီးမှာ Miss Trans Grand International Myanmar 2018 ပြိုင်ပွဲပေါင်း(၁၀)ကျော် ပြုလုပ်ရွေး ချယ်ခဲ့ကြတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.