Transgender တွေဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူများမဟုတ်ဟု WHO ထုတ်ပြန်

Transgender တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က သုံးနှုန်းနေတဲ့ အသုံးအနှုန်းဖြစ်တဲ့ “Gender in-congruence” ဆိုတဲ့ အသုံးအနှုန်းကို စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဆိုင်ရာအခန်းကနေ လိင်ကျန်းမာရေးအခန်းဆီကို ရွေ့ပြောင်းလိုက်တယ်လို့ WHO ရဲ့ ဥပဒေပြုရေးအဖွဲ့က ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ကျား၊မ ဝိသေသလက္ခဏာဟာ မွေးရာပါအတိုင်းမဟုတ်ဘဲ ကွဲပြားနေသူတွေကို ဖော်ပြဖို့အတွက် ကျား၊မ လက္ခဏာ မအပ်စပ်မှု “Gender in-congruence”ဆိုတဲ့ အသုံးအနှုန်းကို သုံးခဲ့တာ ဖြစ်ပါတယ်။

“ဒီစာပိုဒ်ကို စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ အကြောင်းကတော့ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ချို့ ယွင်းမှု မဟုတ်ဘူးဆိုတာကို သိလာလို့ပါ။ ဒါကို ဒီအတိုင်းထားခဲ့တဲ့အတွက် ဂုဏ်သိက္ခာကျဆင်းမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီလို ဂုဏ် သိက္ခာကျဆင်းမှုတွေကို လျော့ချနိုင်ဖို့နဲ့ တစ်ချိန်တည်းမှာ လိုအပ်တဲ့ ကျန်းမာရေးရယူမှုတွေကိုလည်း ရရှိစေဖို့ ဒီအပိုဒ်ကို တခြားအခန်းဆီ ရွေ့လိုက်တာပါ”လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ Adolescents and at-Risk Populations team ရဲ့ ညှိနှိုင်းဆောင်ရွက်သူ ဒေါက်တာ Lale Say က ဆိုပါတယ်။

အဆိုပါ ခွဲခြားသတ်မှတ်မှုဟာ Transgender တွေအပေါ် လူမှုရေးဆိုင်ရာ လက်ခံနိုင်မှုတွေကို တိုးတက်စေမှာဖြစ်ပြီး အရေးကြီးတဲ့ ကျန်း မာရေးဆိုင်ရာ အရင်းအမြစ်တွေကိုလည်း ဆက်လက်ရယူ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်ဆိုတဲ့အကြောင်း ကုလသမဂ္ဂ ကျန်းမာ ရေးအေဂျင်စီက အပြောင်းအလဲလုပ်မယ်လို့ ကြေငြာခဲ့တဲ့ ယမန်နှစ်ထဲမှာ ပြောကြားခဲ့ပါတယ်။

ခွဲခြားသတ်မှတ်မှု စံချိန်စံညွှန်းအသစ်ဟာ အပြည်ပြည်ဆိုင်ရာ ရောဂါများနဲ့ ဆက်စပ်ကျန်းမာရေးပြဿနာများ၊ ခွဲခြားသတ်မှတ်မှု အချက် အလက်များကို (၁၁)ကြိမ်မြောက် ပြန်လည်ပြုစုမှုအပြီးမှာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပြောင်းလဲမှုကို LGBT အဖွဲ့အစည်းတွေကလည်း ကြိုဆိုခဲ့ကြပါတယ်။

“အခု ရလာဒ်ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Transgender တွေနဲ့ ကျား၊မ ကွဲပြားမှုဆိုင်ရာ လှုပ်ရှားတတ်ကြွသူတွေကနေ လူသားချင်း စာနာမှုရှိစေဖို့ တွန်းအားပေးခဲ့တဲ့ အားထုတ်မှုရဲ့ အကျိုးရလာဒ်ပဲ ဖြစ်ပါတယ်။ ကျား၊မ ဝိသေသလက္ခဏာကွဲပြားမှုဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုမဟုတ်တာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက လက်ခံလိုက်တာကို ကျွန်မ အတော်ပျော်ပါတယ်” လို့ Transgender Europe အဖွဲ့မှာ အဲဒီအချိန်က ဒါရိုက်တာဖြစ်ခဲ့သူ Julia Ehrt က ယမန်နှစ်က ပြောခဲ့ပါတယ်။

ဒီလို ပြုစုမှုကိုတော့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အစည်းအဝေးမှာ လုပ်ဆောင်ချမှတ်ခဲ့တာဖြစ်ပြီး ဒီပြောင်းလဲသတ်မှတ်ချက်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်အထိကို ICD-10 ရဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများစာရင်းကနေ Transgender တွေနဲ့ ကျား၊မ ဝိသေသကွဲပြားသူတွေကို ထိခိုက်စေတဲ့ ရောဂါအမျိုးအစားတွေကို ဖယ်ထုတ်ပစ်ဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ခဲ့ပါဘူး။ အခုတော့ ဒါကို စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုမဟုတ်ဘူးဆိုတာ အပြည့်အ၀ လက်ခံရယူနိုင်ပြီဖြစ်တဲ့အပြင် ဘဝတစ်လျှောက်လုံးမှာလည်း ဆက်လက် ရရှိနိုင်မှာပါ” လို့ International Lesbian, Gay, Bisexual, Trans and Intersex Association ရဲ့ ကြေငြာချက်တစ်ခုထဲမှာ ဖော်ပြခဲ့ပါတယ်။ Ehrt ဟာ လက်ရှိအချိန်မှာတော့ ဒီအဖွဲ့အစည်းရဲ့ Program Director ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ICD ကို ပြောင်းလဲလိုက်တာကြောင့် Transgender တွေရဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လိုအပ် ချက်အပေါ် သက်ရောက်မှု မရှိဘူးလို့ မျှော်လင့်ထားသော်လည်း လူမှုရေးဆိုင်ရာ ဂုဏ်သိက္ခာကျဆင်းမှုတွေကို လျော့ချလိုက်ခြင်းအားဖြင့် လူတွေဟာ ကုသမှုကို ပိုမိုခံယူလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ Adolescents and at-Risk Populations teamရဲ့ ညှိနှိုင်းဆောင်ရွက်သူ ဒေါက်တာ Lale Sayက ယမန်နှစ်က ပြောကြားခဲ့ပါတယ်။

“Gender in-congruence”ဆိုတဲ့ စကားလုံးအပေါ် ဖော်ပြချက်အသစ်ထဲမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ကျား၊မ ကွဲပြားမှု ဝိသေသလက္ခဏာတွေနဲ့ နှစ်သက်မှု အချက်လက်တွေချည်းသက်သက်ကတော့ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးရောဂါတွေကို ရှာဖွေနိုင်တဲ့ အခြေခံအချက်အလက်တွေမဟုတ်ဘူးလို့ ဆိုပါတယ်။

 

Source# CNN

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.