မန္တလေးမြို့တွင် LGBT များ၏ အမှုအခင်းကို လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေအထောက်အကူပြုအဖွဲ့များ လိုအပ်နေ

မန္တလေးမြို့တွင် LGBT များ အမှုအခင်းပြဿနာများ တစုံတရာဖြစ်ပေါ်လာပါက လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေအထောက်အကူပြုသူများနှင့် ထောက်ပံ့ပေးမည့် အဖွဲ့အစည်းမရှိဖြစ်နေကြောင်း သိရသည်။

“မန္တလေးမြို့မှာ ဥပဒေဝန်ဆောင်မှုပေးမယ့် စီမံချက်မျိုးတွေ မရှိဘူး။ အမှုစစ်တမ်းကောက်တာတော့ ရှိခဲ့တယ်။ သင်တန်းတက်ထားတဲ့သူတွေရှိပေမယ့်လည်း ထဲထဲဝင်ဝင် မလုပ်နိုင်ဘူး။ မန္တလေးမှာ အများဆုံးဖြစ်နေတာ မှောင်ရိပ်ခိုမှုနဲ့ အဖမ်းခံရတယ်။ တချို့အလုပ်သွားစဉ် အဖမ်းခံရတဲ့အခြေအနေမျိုးထိ ရှိနေတယ်။ ဖမ်းတဲ့ကိစ္စက အခုချိန်ထိ ရှိနေဆဲပဲ။ ဥပဒေအထောက်အကူနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေမရှိတော့ LGBT အခွင့်အရေးလုပ်နေတဲ့အဖွဲ့တွေအပေါ် LGBT တွေအချင်းချင်းတင်ပဲ ယုံကြည်မှုအားနည်းလာတယ်”လို့ မန္တလေးမြို့ရှိ TRY (SHG) အဖွဲ့အစည်းမှ မေဂန် (ခေါ်) အောင်ဇော်ထွန်းက ပြောသည်။

လက်ရှိ မန္တလေးမြို့တွင် LGBT များကို စီမံချက်ကြောင့်ဆိုကာ ဖမ်းဆီးသည့် အမှုအခင်းများ၊ ခြိမ်းခြောက်ငွေညစ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အများအပြားရှိနေဆဲဖြစ်ပြီး သီးသန့်ကူညီပေးမည့် ဥပဒေအထောက်အကူပြု ဝန်ဆောင်မှုမရှိသဖြင့်လည်း ပို၍ခက်ခဲနေကြောင်း မန္တလေးမြို့ရှိ LGBT များထံမှ သိရသည်။

“စစ်တမ်းကောက်ချက်တွေအရဆို ယာဉ်ထိန်းရဲလာလည်း ဖမ်းတယ်ဆိုတာကို တွေ့ရတယ်။ LGBT တွေထဲမှာ Transgender တွေက ပြဿနာပေါင်းစုံ ရှိနေတယ်။ ဘုရားပွဲမှာလည်း အဖမ်းခံရတယ်။ LGBT တွေအပေါ် ပစ်မှတ်ထားပြီး ဖမ်းတဲ့ကိစ္စက အခုချိန်ထိ ရှိနေဆဲပဲ။ အကူအညီထောက်ပံ့ပေးနေတဲ့အဖွဲ့တွေ ရှိပေမယ့်လည်း ကန့်သတ်ချက်တွေရှိတော့ LGBT တွေမှာ အဖမ်းခံရပြီဆိုရင် ချိတ်ဆက်ဖို့ မရှိဘူး”လို့ သူ့အတွေ့အကြုံကို ထပ်မံပြောပါသည်။

၂၀၁၇ ခုနှစ်က မန္တလေးမြို့တွင် တစ်လတည်းဖြင့် LGBT ၂၃ ဦး ဖမ်းဆီးခံရခဲ့သည့် မှတ်တမ်းများရှိခဲ့ကြောင်း သိရသည်။

2 thoughts on “မန္တလေးမြို့တွင် LGBT များ၏ အမှုအခင်းကို လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေအထောက်အကူပြုအဖွဲ့များ လိုအပ်နေ

  • July 3, 2018 at 4:32 pm
    Permalink

    ပါဝင်ဆောင်ရွက်ပေးချင်ပါတယ်…..အဖွဲ့အစည်းတည်ထောင်ဖြစ်ခဲ့ရင်…LGBT တွေကို ကာကွယ်ပေးတယ်ပဲထားပါအုံး…LGBT တွေကလည်း…Under Law မှာပဲနေစေချင်ပါတယ်……ကျနော့်ရဲ့အမြင်…ကျနော့်ရဲ့ဖြစ်စေချင်တဲ့..ဆန္ဒလေးတစ်ခုကို..ေပြောပြချင်ပါတယ်……LGBT တွေကို offer မလုပ်စေချင်ဘူး…ဘာလို့လဲဆိုတော့..အခုပြောပြထားတဲ့ မန္တလေးမှာ..မှောင်ရိပ်ခိုမှုဆိုတာ့ဖမ်းဆီးနေတဲ့ case တွေကြောင့်
    ကိုယ်တွေ ဘက်ကလည်း..rule နဲ့အညီနေစေချပါတယ်………ကျနော်ပြောတာအမှားပါသွားခဲ့ရင် ခွင့်လွှတ်နားလည်ပေးကြပါဗျ….ေပြောချင်တာတွေတော့..အများကြီးကျန်သေးတယ်…

    Reply
    • July 4, 2018 at 5:18 am
      Permalink

      လွတ်လပ်စွာ ကိုယ့်အမြင်ကို တင်ပြနိုင်ခွင့်ရှိပြီး အဲဒီအတွက်လည်း အမြဲတမ်း ကြိုဆိုပါတယ်။ နိုင်ငံသားအားလုံး ကျား၊ မ၊ လိင်စိတ်ကိုင်းညွတ်မှုမရွေး ညီညွတ်မှု၊ ငြိမ်းချမ်းလုံခြုံမှုကိုအာမခံတဲ့ တရားမျှတတဲ့ဥပဒေအောက်မှာ ခွဲခြားမှုမရှိစေဘဲ နေထိုင်ခွင့်ရဖို့ဟာ အားလုံးရဲ့ဆန္ဒဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံသားအားလုံး လူ့အခွင့်အရေးလို့ပြောရင် တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းကိုပါ တွဲလျက်ဆက်စပ်နားလည်အောင် အတူကြိုးစားကြရအောင်နော်…

      Reply

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.