ပုသိမ်မြို့၊ Swen Hotel တွင် Walks of Life (ဘဝခရီးပြခန်း)ကို လူဦးရေ(၂၀၀) နီးပါးခန့် လာရောက်ကြည့်ရှု့

ပုသိမ်မြို့၊ Swen Hotel တွင် Colors Rainbow အဖွဲ့အစည်းမှ Walks of Life (ဘဝခရီးပြခန်း)ကို မနက်(၁၀)နာရီမှ ညနေ(၅)နာရီအထိ (၃)ရက်တာ ဖွင့်လှစ်ပြသခဲ့ရာ လူဦးရေ(၂၀၀) နီးပါးခန့် လာရောက်ကြည့်ရှု့ကြပါတယ်။

အဆိုပါ ဘဝခရီးပြခန်းကို Colors Rainbow အဖွဲ့အစည်း၊ Swedish Institute နှင့် ပုသိမ်မြို့အခြေစိုက် ငွေကြိုးကြာအဖွဲ့တို့မှ ပူးပေါင်းကာ နိုဝင်ဘာလ(၂၄)ရက်မှ (၂၇)ရက်နေ့အထိ ပြသခဲ့ပါတယ်။

“ပုသိမ်မြို့ရဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲ့တပ်ဖွဲ့ ရဲမှူးကိုယ်တိုင် တက်ရောက် ချီးမြင့်ခဲ့တယ်။ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်တွေလည်း ပွဲကို လာရောက်လေ့လာကြပါတယ်။ သူတို့က ခုလိုပွဲတွေလုပ်တာကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ သူတို့လည်း လက်တွဲလုပ်ဆောင်ပေးချင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်” လို့ Walks of Life (ဘဝခရီးပြခန်း)ရဲ့ တာဝန်ခံ ကိုသားကိုက ပြောပါတယ်။

LGBT တွေရဲ့ဘဝဖြတ်သန်းမှု ပုံရိပ်အစစ်အမှန်တွေကို ပြသပေးနေတဲ့ “ဘဝခရီးပြခန်း”ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လကနေ စတင်အကောင် အ ထည်ဖော်ခဲ့ကာ ပထမဆုံးအကြိမ် ရန်ကုန်၊ မန္တလေး၊ ပြည်၊ မော်လမြိုင်၊ လာရှိုးမြို့နဲ့ တောင်ပြုန်းပွဲတော်တို့မှာ ပြသခဲ့ပါတယ်။

နောက်ထပ် ဒုတိယအကြိမ် “ဘဝခရီးပြခန်း” ပြပွဲကို ၂၀၁၇ခုနှစ်မှာ မန္တလေး၊ မော်လမြိုင်၊ ပြည်၊ လားရှိုးနဲ့ မုံရွာ စတဲ့မြို့တွေမှာ ပြသပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.