ဘရားဇီး မသန် စွမ်း အိုလံပစ်ပြိုင်ပွဲမှာ LGBT အားကစားသမား (၇၅) ရာခိုင်နှုန်း ဆုတံဆိပ် ရယူနိုင်ခဲ့
ဘရာဇီးနိုင်ငံ ရီယိုမြို့မှာ မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ မသန်ပေမဲ့ စွမ်းသူများရဲ့ အိုလံပစ် (Paralympics) အားကစားပြိုင်ပွဲမှာ ပွင့်ပွင့်လင်းလင်း LGBT အားကစားသမားပေါင်း (၁၂) ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဲဒီအနက် (၉) ဦးက ဆုတံဆိပ် ဆွတ်ခူးရရှိခဲ့ကြပါတယ်။
ဆုတံဆိပ်ရရှိခဲ့ကြသူတွေထဲမှာ (၅) ဦးက ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီး (၂) ဦးကတော့ ငွေတံဆိပ်နဲ့ ကျန် (၃) ဦးကတော့ ကြေးတံဆိပ်တွေကို အသီးသီး ဆွတ်ခူးရယူနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီအချိုးအစားဟာ ပြိုင်ပွဲဝင် LGBT အားကစားသမား အရေအတွက်ရဲ့ (၇၅) ရာခိုင်နှုန်း ပမာဏ ရှိပါတယ်။
အားကစားပြိုင်ပွဲ တစ်ရပ်လုံးမှာ တရုတ်နိုင်ငံက ဆုတံဆိပ် (၂၃၉) ခုနဲ့ အများဆုံး ဆွတ်ခူးရရှိခဲ့ပြီး ဂရိတ်ဗြိတိန်နိုင်ငံကတော့ ဆုတံဆိပ် (၁၄၇) ခု၊ ယူကရိန်းနိုင်ငံကတော့ (၁၁၇) ခုနဲ့ အမေရိကန်နိုင်ငံကတော့ ဆုတံဆိပ်ပေါင်း (၁၁၅) ခုနဲ့ အများဆုံး ဆွတ်ခူးရရှိခဲ့ကြပါတယ်။
ရီယို ပါရာလံပစ်ပြိုင်ပွဲကို စက်တင်ဘာလ (၇) ရက်ကနေ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး အားကစားနည်းပေါင်း (၂၂) မျိုးမှာ နိုင်ငံပေါင်း (၁၅၉) နိုင်ငံက အားကစားသမားပေါင်း (၄၃၄၂) ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ရွှေတံဆိပ်ဆုရှင်များ
Monique Burkland (အမေရိကန်) – Sitting Volleyball

Abby Dunkin နှင့် Desiree Miller (အမေရိကန် ) – Wheelchair Basketball

Megan Giglia (ဂရိတ်ဗြိတိန်) – Cycling

Gemma Redup (ဂရိတ်ဗြိတိန်) – House and Hound

ငွေတံဆိပ်ဆုရှင်များ
Lucy Pearson (ဂရိတ်ဗြိတိန်) – Equestrian

Marieke Vervoort (ဘယ်ဂျီယံ) – Wheelchair Racing

ကြေးတံဆိပ်ဆုရှင်များ
Jen Armbruster နှင့် Asya Miller (အမေရိကန်) – Goalball

Moran Samuel (အစ္စရေး) – Rowing

