ဘရားဇီး မသန် စွမ်း အိုလံပစ်ပြိုင်ပွဲမှာ LGBT အားကစားသမား (၇၅) ရာခိုင်နှုန်း ဆုတံဆိပ် ရယူနိုင်ခဲ့

ဘရာဇီးနိုင်ငံ ရီယိုမြို့မှာ မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ မသန်ပေမဲ့ စွမ်းသူများရဲ့ အိုလံပစ် (Paralympics) အားကစားပြိုင်ပွဲမှာ ပွင့်ပွင့်လင်းလင်း LGBT အားကစားသမားပေါင်း (၁၂) ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဲဒီအနက် (၉) ဦးက ဆုတံဆိပ် ဆွတ်ခူးရရှိခဲ့ကြပါတယ်။

ဆုတံဆိပ်ရရှိခဲ့ကြသူတွေထဲမှာ (၅) ဦးက ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီး (၂) ဦးကတော့ ငွေတံဆိပ်နဲ့ ကျန် (၃) ဦးကတော့ ကြေးတံဆိပ်တွေကို အသီးသီး ဆွတ်ခူးရယူနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီအချိုးအစားဟာ ပြိုင်ပွဲဝင် LGBT အားကစားသမား အရေအတွက်ရဲ့ (၇၅) ရာခိုင်နှုန်း ပမာဏ ရှိပါတယ်။

အားကစားပြိုင်ပွဲ တစ်ရပ်လုံးမှာ တရုတ်နိုင်ငံက ဆုတံဆိပ် (၂၃၉) ခုနဲ့ အများဆုံး ဆွတ်ခူးရရှိခဲ့ပြီး ဂရိတ်ဗြိတိန်နိုင်ငံကတော့ ဆုတံဆိပ် (၁၄၇) ခု၊ ယူကရိန်းနိုင်ငံကတော့ (၁၁၇) ခုနဲ့ အမေရိကန်နိုင်ငံကတော့ ဆုတံဆိပ်ပေါင်း (၁၁၅) ခုနဲ့ အများဆုံး ဆွတ်ခူးရရှိခဲ့ကြပါတယ်။

ရီယို ပါရာလံပစ်ပြိုင်ပွဲကို စက်တင်ဘာလ (၇) ရက်ကနေ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး အားကစားနည်းပေါင်း (၂၂) မျိုးမှာ နိုင်ငံပေါင်း (၁၅၉) နိုင်ငံက အားကစားသမားပေါင်း (၄၃၄၂) ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

 

ရွှေတံဆိပ်ဆုရှင်များ

Monique Burkland (အမေရိကန်) – Sitting Volleyball

14361255_10202094989052901_5777123711394327327_o
Abby Dunkin နှင့် Desiree Miller (အမေရိကန် ) – Wheelchair Basketball

14368631_10202094990532938_2991904414548080853_n
Megan Giglia (ဂရိတ်ဗြိတိန်) – Cycling

14449072_10202094991452961_2630393952507135195_n
Gemma Redup (ဂရိတ်ဗြိတိန်) – House and Hound

14441218_10202094992532988_1503002410253597742_n

 

ငွေတံဆိပ်ဆုရှင်များ

Lucy Pearson (ဂရိတ်ဗြိတိန်) – Equestrian

14355541_10202095007733368_4887718779162354369_n
Marieke Vervoort (ဘယ်ဂျီယံ) – Wheelchair Racing

14370170_10202095008693392_4229430979519518373_n

 

ကြေးတံဆိပ်ဆုရှင်များ
Jen Armbruster နှင့် Asya Miller (အမေရိကန်) – Goalball

14344776_10202095011013450_4656138406904656620_n
Moran Samuel (အစ္စရေး) – Rowing

14368866_10202095011853471_2489021006439965752_n

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.