COVID-19 မှာ ပါဝင်ကူညီခဲ့တဲ့ LGBT အပါအဝင် စေတနာ့ဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များမှာ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းတွေကို ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည်မှ ဂုဏ်ပြုမှတ်တမ်း လွှာများကို ဇွန်လအတွင်း ပေးအပ်ခဲ့ပါတယ်။

ဒီလို ပေးအပ်ရာမှာ စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ကူညီခဲ့ကြတဲ့ ဒေသအသီးသီးက LGBT စေတနာ့ဝန်ထမ်းတစ်ဦးချင်းစီသာမက LGBT အဖွဲ့အစည်းတွေကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့တယ်လို့ LGBT အဖွဲ့အစည်းတွေထံမှ သိရပါတယ်။

“ COVID-19 ကာလမှာ အမေစုရဲ့ ဂုဏ်ပြုဆုကိုရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ဒီဆုက ကျွန်တော်ကိုပေးတဲ့ဆု မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ချယ်ရီမြေမှ တွဲလက်များ ပရဟိတအဖွဲ့တွေက ဂိတ်မှာ နေ့ရော၊ ညရော ၂၄နာရီပတ်လုံး ပင်ပန်း သမျှကို ဒီဂုဏ်ပြုလက်မှတ်ကလေးနဲ့ ဆုလေးရရှိတဲ့အတွက် အဖွဲ့သားအားလုံးရဲ့ စိတ်ထဲမှာ အတိုင်းမသိ ဝမ်းသာကြည်နှုးမိပါတယ်။ ဒီလို မျိုး အမေစုရဲ့ဂုဏ်ပြုခြင်းခံရတာတွေက လူမှုအဖွဲ့အစည်းမှာ LGBT တွေအပေါ်မှာ ပြောင်းလဲလာနိုင်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။ အခုဆိုရင် တော်တော်များများက လက်ခံလာပြီ၊ လာခံလာနိုင်တယ်လို့လည်း ပြောလို့ရပါတယ်။ နောက်ပြီး အဖွဲ့အစည်းတွေထဲမှာ LGBT တွေ ဝင်ရောက်ပြီး လက်တွဲပါဝင်ဆောင်ရွက်လာနိုင်တယ်လို့လည်း ပြောလို့ရပါတယ်။ ဒါမျိုးတွေကို လှုမှုအဖွဲ့အစည်းမှာ ရရှိနိုင်မယ်လို့ ကျွန်တော် မျှော်မှန်းထားပါတယ်”လို့ ရှမ်းပြည်တောင်ပိုင်း ချယ်ရီမြေမှတွဲလက်များ LGBT အဖွဲ့မှ ဥက္ကဌ ကိုမိုးက ပြောပါတယ်။

COVID-19 ကာလမှာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အစိုးရက ဦးဆောင်လုပ်ကိုင်နေသလို၊ အရပ်ဖက်အဖွဲ့ အစည်းတွေ ပြည်သူတွေကလည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင်ခဲ့ရာမှာ ဒေသအသီးသီးက LGBT အဖွဲ့အစည်းတွေ သာမက LGBT တစ်ဦးချင်းစီက လည်း မိမိတတ်နိုင်တဲ့တာဝန်တွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

ဒီလိုပါဝင်ကူညီတဲ့ LGBT စေတနာ့ဝန်ထမ်းတွေထဲက ပြည်မြို့ရှိ COVID-19 ကြိုတင်ကာကွယ်မှုစောင့်ကြည့်ရေးစခန်းမှာ ရက်ပေါင်း (၇၀) ကျော် စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ခဲ့တဲ့ Transgender အမျိုးသားတစ်ဦးလည်းဖြစ်တဲ့ ပြည်မြို့၊ ရှေ့ဆောင်သူ LGBT အဖွဲ့မှ ဥက္ကဌ မင်းမင်းကလည်း ဂုဏ်ပြုဆုရရှိတဲ့အပေါ် အခုလို ပြောကြားထားပါတယ်။

“အခုလို အချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာက ကျွန် တော်တို့ လက်ထဲရောက်ရှိလာချိန်မှာ အများနဲ့တန်းတူ ကျွန်တော်တို့ LGBT တွေကိုလည်း ပေးတာဖြစ်တဲ့အတွက် အရမ်းကိုဂုဏ်ယူမိပါ တယ်။ ဂုဏ်ယူမိတဲ့အပြင် နိုင်ငံတော်အနေနဲ့ LGBT ကို အသိအမှတ်ပြုတယ်ဆိုတာကို ပိုပြီးအားရှိလာတယ်။ ဒါကြောင့် နောက်ပိုင်း ပရဟိ တလုပ်ငန်းတွေ၊ ပြည့်သူအကျိုးပြုလုပ်ငန်းတွေမှာ ကျွန်တော်တို့ LGBT တစ်ရပ်လုံးက အရင်ကထက်ပိုပြီး ထဲထဲဝင်ဝင်ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်”လို့ ပြောပါတယ်။

ဒီလို COVID-19 မှာ ပါဝင်ကူညီခဲ့တဲ့ LGBT အပါအဝင် စေတနာ့ဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြုဂုဏ်ပြုခဲ့တဲ့အ ပေါ် ညီမျှခြင်းမြန်မာမှ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း အခုလို သုံးသပ်ပြောကြားထားပါတယ်။

” COVID-19 မှာ စေတနာ့ဝန်ထမ်းဆောင်ခဲ့တဲ့ ဆေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်း လူငယ်တွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည်က အ မှတ်တရ ဂုဏ်ပြုလက်မှတ်တွေ ပေးအပ်တဲ့အတွက် တကယ့်ကို ကျွန်တော်စိတ်ထဲမှာ ကြည်နှုးမိပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလူတွေ က တကယ်လည်း ဂုဏ်ပြုမှုခံယူသင့်သော ချီးကျူးမှုနဲ့ ထိုက်တန်သာသူတွေ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ကပ်ရောဂါဆိုးကြီး မကျ ရောက်ဖို့အတွက် အချိန်တွေ၊ ပင်ပန်းမှုတွေ၊ စေတနာထားမှုတွေနဲ့ လုပ်ဆောင်ခဲ့တဲ့သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ပြုမှုကို ထိုက်ထိုက်တန်တန် ခံစားခွင့်ရှိသောသူများ ဖြစ်ပါတယ်။ နောက်ထပ်တစ်ခု သတိထားမိတာက စေတနာ့ဝန်ထမ်းလုပ်ဆောင်တဲ့ သူတွေထဲ မှာ အသားအရောင်၊ လိင်၊ ကိုးကွယ်တဲ့ဘာသာ၊ ကျား/မ မတူတဲ့သူတွေအပြင် လိင်စိတ်ကွဲပြားမှု မတူညီသော LGBT တွေကိုပါ အသိအမှတ် ပြုလေးစားတဲ့သဘော လုပ်ဆောင်တဲ့အတွက် စေတနာ့ဝန်ထမ်းတွေကြားမှာ မည်သူ့ကိုမှ မခွဲခြားပဲ အသိအမှတ်ပြုချင်းခံရတဲ့ LGBT တွေ ကိုလည်း မခွဲခြားဘဲနဲ့ တန်းတူပြုမှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ LGBT တွေက လူသားပဲဖြစ်တဲ့အတွက် လူသားတွေရရှိခွင့်ရှိတဲ့ အခွင့် အရေးတွေ၊ တန်းဖိုးထားမှုတွေ၊ အသိအမှတ်ပြုမှုတွေကို တန်းတူရရှိဖို့ လုပ်ဆောင်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ တစ်ချိန်တည်းမှာပဲ LGBT တွေက တန်းတူရမှုတင်မကဘဲ သူတို့အပေါ်မှာ သူတို့ရဲ့လိင်စိတ်ကွဲပြားမှုပေါ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ အထင်သေးသော အပြုအမှုတွေ၊ မုန်းတီးသော ကိစ္စတွေ၊ အကြမ်းဖက်သော လုပ်ဆောင်မှုတွေအပြင် ခွဲခြားတဲ့ ဥပဒေ၊ Policy တွေကြုံတွေ့ရပါတယ်။ ဒါတွေ ကြောင့်မလို့ LGBT တွေကို အကြမ်းဖက်တာတွေ တားဆီးပေးဖို့၊ အနိုင်ကျင့်မှုတွေကို ဟန့်တားပေးဖို့အတွက် လိုအပ်သောလုပ်ဆောင်မှုတွေ ထပ်ပြီး လိုအပ်နေပါသေးတယ်။ ဥပဒေထဲမှာမှ LGBT တွေကို ပိုမိုဖိနှိပ်သော ဥပဒေ (၃၇၇)လို ဟာမျိုး၊ LGBT တွေကို တရားရေးစီရင်တဲ့ နေ ရာတွေမှာ တရားဥကဒေစိုးမိုးရေး လုပ်ဆောင်တဲ့နေရာမှာ တာဝန်ရှိတဲ့သူတွေက ခွဲခြားဆက်ဆံတာတွေ၊ အကြမ်းဖက်တာတွေမျိုးတွေကို ကာကွယ်ပေးနိုင်မယ့် အထူးကာကွယ်မှုလည်း လိုအပ်ပါတယ်။ ဒါကြောင့်မလို့ တန်းတူအခွင့်အရေးပြုသလို LGBT တွေအပေါ် ကျရောက် နိုင်တဲ့ အန္တရာယ်များကို တွန်းလှန်ပေးနိုင်တဲ့၊ LGBT တွေအပေါ် အနိုင်ကျင့်စော်ကားမှုတွေကို ရပ်တန့်နိုင်တဲ့ အထူးတာဝန်ယူပြီး လုပ် ဆောင်ပေးသော ကာကွယ်ပေးချက်တွေ၊ တားဆီးမှုအစီအစဉ်တွေ၊ ဥပဒေတွေကိုလည်း ဆက်လက်ပြီးပြဌာန်းပေးဖို့၊ ဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးဖို့အတွက် လေးစားစွာ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.