မျက်နှာဖုံးများနှင့် ကခုန်ခြင်း
အပြောင်းအလဲ
ဗလောင်းဗလဲတွေကြားမှာ
အသုံးချခံနေရတဲ့
ငါဟာ မျက်နှာဖုံးတစ်ခု….
ရောင်စုံပလပ်စတစ်
အရုပ်တွေကြားမှာ
တွဲလောင်းချိတ်ထားခံရတဲ့
ငါဟာ မျက်နှာဖုံးတစ်ခု….
လှပတဲ့ခေါင်းစဉ်များနဲ့
ရွှေရောင်ဖိတ်စာပေါ်က
စကားလုံးတွေကြားမှာ
ယစ်မှုးပျော်ရွှင်နေတဲ့
ငါဟာ မျက်နှာဖုံးတစ်ခု….
ဟိုး….တောင်တန်းပေါ်က
အရိပ်မဲ့ ရွက်ကြွေတွေနဲ့
ကလေးငယ်တွေ ကြားမှာ
လမ်းလျှောက်သင်နေတဲ့
ငါဟာ မျက်နှာဖုံးတစ်ခု….
မျက်နှာဖုံးတွေရဲ့
မျက်နှာဖုံးအောက်မှာတော့
ငါကိုယ်တိုင် မသိနိုင်တဲ့
ငါဟာ မျက်နှာဖုံးအတု………
ဓူဝံ