မြန်မာဝတ်စုံနဲ့ Catwalk လျှောက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ Sinon Loresca

Miss Earth Myanmar 2019 အတွက် မြန်မာဝတ်စုံနဲ့ Catwalk လျှောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ The King of Catwalk လို့ နာမည်ကြီးနေတဲ့ ဖိလစ်ပိုင်နိုင်ငံက LGBT ဆယ်လီတစ်ဦးဖြစ်သူ Sinon Loresca က သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

Sinon Loresca ကတော့ Miss Earth Myanmar 2019 Coronation Night အတွက် သြဂုတ်လ (၂၁)ရက်နေ့ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာပါ။ Miss Earth Myanmar 2019 ဖိုင်နယ်ပွဲစဉ်ကို မန္တလေးမြို၊ ဒိုင်းမွန်းပလာမှာ သြဂုတ်လ (၂၆)ရက်ကနေ (၂၈)ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

သူအနေနဲ့ မြန်မာပြည် မလာရောက်ခင်ကတည်းက မြန်မာဝတ်စုံနဲ့ Catwalk လျှောက်ဖို့ မစောင့်နိုင်တော့ဘူးလို့ လူမှုကွန် ယက်မှာ ရေးသားခဲ့ပြီး မြန်မာပြည် ရောက်ရောက်ခြင်းမှာပဲ မန္တလေးမြို့မှာ မြန်မာ့ရိုးရာ အဝတ် အစားတွေနဲ့ “Hello Mandalay Myanmar”လို့ ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။

LGBT ဆယ်လီတစ်ဦးဖြစ်သူ Sinon Lorescaကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ၁၉၈၈ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး သူရဲ့ ဘော်ဒီတောင့်တောင့် ဒေါက်မြင့်ဖိနပ်နဲ့ Catwalk လျှောက်ပုံက လူအများကို ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.