လူထဲက…… လူ
လူထဲက…… လူ
ရိုးရာအစဉ်အလာတွေထဲမှာ
မွန်းကြပ်နေပြီလား။
လူထဲက…… လူ
စည်းမျဉ်းစည်းကမ်းတွေထဲမှာ
ရုန်းထွက်ရခက်နေပြီလား။
လူထဲက…… လူ
အကောင်းအဆိုးအမြင်တွေထဲမှာ
ဟန်ဆောင်နေရပြီလား။
လူထဲက…… လူ
ခွဲခြားခြင်းအနိမ့်အမြင့်တွေထဲမှာ
ဝေးဝါးနေပြီလား။
အချစ် အမုန်း
သစ္စာ ဥပေက္ခာ
သံယောဇဉ် အကြင်နာတရား
ကမ္ဘာမြေက လက်ခံတယ်။
ယုံကြည်စွာ မျှော်လင့်
ဘဝရဲ့ အလင်းရောင်
ရင်ထဲကပေးစွမ်းနိုင်တဲ့
လူထဲက…… လူ
ဓူဝံ