ဟောင်ကောင်ရှိ Gay (၅၀)ရာခိုင်နှုန်းကျော်က မိမိကိုယ်ကိုယ် ထုတ်ဖော်ပြောကြားဖို့ ကြောက်ရွံ့ကြ
ဟောင်ကောင်မှာရှိတဲ့ ဂေး(၅၃)ရာခိုင်နှုန်းလောက်ဟာ သူတို့ကိုယ်သူတို့ “ဂေး”အဖြစ် သူတို့ချစ်တဲ့သူတွေကို ပွင့်ပွင့်လင်း လင်း ထုတ်ဖော်ပြောကြားဖို့ ကြောက်ရွံ့ကြတယ်လို့ သိရပါတယ်။
၂၀၁၈ခုနှစ် ဇွန်လကနေ ၂၀၁၉ခုနှစ် မတ်လအထိ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ထုတ်ဖော်ပြောကြားပြီးတဲ့ ဂေး(၂၀)ဦးမှာ တစ် ယောက်သာလျှင် မိသားစုရဲ့ထောက်ပံ့မှုကို ရကြလို့ ဖြစ်ပါတယ်။
ဒါပြင် နောက်ထပ်တစ်ချက်ကတော့ ဟောင်ကောင်မှာ လိင်တူတွေ၊ ဂေးတွေနဲ့ ပတ်သက်ပြီး HIV/ AIDS ရောဂါနဲ့သက်ဆိုင် တဲ့ အတွေးအမြင်ဟောင်းတွေက အခုအချိန်ထိရှိနေဆဲ ဖြစ်ပါတယ်။
လက်ရှိ HIV ဖြစ်မှုတွေက အမျိုးသားချင်း လိင်ဆက်ဆံတဲ့သူတွေမှာ မြင့်တက်နေတာကြောင့် နောက်ပြီး အလုပ်နဲ့ပတ်သက် ပြီး ပြဿနာတွေ၊ ငွေရေးကြေးရေး ပြဿနာတွေကို ထပ်မံရင်ဆိုင်ဖို့ မလိုလားတာကြောင့်လည်း ထုတ်ဖော်ပြောရဖို့ကို ခက် ခဲစေပါတယ်။
ဒီလို HIV ဖြစ်နှုန်းမြင့်တက်လာတာနဲ့အမျှ ဟောင်ကောင်အစိုးရက ကျန်းမာရေးကာကွယ်ရေးလုပ်ငန်းအတွက် ၂၀၂၀ ခုနှစ် လောက်မှာ ဟောင်ကောင်ဒေါ်လာ (၄၀၀)မီလီယံအထိ အသုံးပြုသွားမယ့် အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
Bill of Right Ordinance မှ အစိုးရဝန်ထမ်းတွေ၊ LGBTတွေကို ခွဲခြားဆက်ဆံခြင်းကနေ ရပ်တည်ကာကွယ်ပေးထားပေမဲ့ လည်း တရုတ်နိုင်ငံရဲ့ လွန်ခဲ့တဲ့ (၂၂)နှစ်က အုပ်ချုပ်တဲ့ပုံစံနဲ့ ပြန်လည်အုပ်ချုပ်နေတဲ့ ဟောင်ကောင်မှာ တန်းတူညီမျှလက် ထပ်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်စွာ လက်ထပ်ခွင့်ကို အသိအမှတ်မပြုဘူးလို့ သိရပါတယ်။
Source# Pinknews