အမှောင်ကမ္ဘာက လူ
အခန်းလွတ်ထဲ
အထီးကျန်ဆဲ
မျှော်လင့်ချက်မဲ့ မျက်လုံးအစုံ
နံရံဆီ ငေးလို့ ။
သက်မဲ့ မျက်နှာ
တင်းတင်းစေ့ နှုတ်ခမ်း
အသက်ရှူသံ ပျော့ပျော့
နှလုံးခုန်သံ ဗျဗျ
ဝိညာဉ်မဲ့ လူပေါ့ ။
လူသားမဲ့ ဝန်းကျင်ထဲ
ရှင်သန်မှုက အတ္တကြီးတော့
စုပ်ပြတ်နေတဲ့ ရင်ဘတ်အစုံနဲ့
ဆာလောင်ရတဲ့ ပျော်ရွင်မူတွေ
အမှောင်ကမ္ဘာထဲမှာ
ခဏ မေ့ပျောက်ချင်ပေါ့ ။
အမှောင်ကလူ
သူလည်း လူပဲ
စံသတ်မှတ်ချက် ရိုက်ချိုးခဲ့တော့
ချစ်ခြင်းမြဲဖို့ ထွက်ခွါခဲ့
အမှောင်ကမ္ဘာထဲက လူ…..။ ။
(ကြယ်စင်)