ဥဒါန်း
ငွေရတုတစ်ခုစာ
ဒီကာလအတွင်း
ရင်ဘတ်ချင်းအပ်
စိတ်ချင်းထပ်ခဲ့တယ်….
ဒီချစ်ချင်းတရား
ရမ္မက်သက်သက် မဟုတ်
နားလည်မှု၊ ကြင်နာမှုတွေလည်း ပါ
ဗြဟ္မစိုရ်တရားလည်း ပွားပါတယ်….
လိုအပ်တဲ့ အချိန်တိုင်း
အားငယ်နေချိန်
ပုခုံးတစ်ဖက်စီဟာ
ပုံသဏ္ဍာန်တွေပြောင်း
မှီနားရာကိုယ်စီ ဖြစ်ခဲ့တယ်…
တိမ်လွှာမဲညစ်
အေးစက်စက် ရာသီတွေအောက်
ရင်ဘတ်တွေ ကိုယ်စီ
သူရယ် ကိုယ်ရယ် နွေးခဲ့ကြတယ်…
ဒီချစ်ခြင်းတရား
ကောင်းကင်ကြီးလို ကျယ်ပြန့်ခဲ့တယ်
သမုဒ္ဒရာတစ်စင်းလို နက်ရှိုင်းခဲ့တယ်….
ကျေးဇူးတင်တယ်
ရှင်သန်ရာ တစ်သက်တာ
ဖြည့်ဆည်းခဲ့တဲ့ အရာတွေအတွက်
ဘဝအဆုံးသို့ တူယှဉ်တွဲပရစေ….
လျှောက်ခဲ့တဲ့ ခရီးလမ်း
လှည့်ပြန်အကြည့်
ဤခရီးနီးသလား
ငွေရတုသို့ တိုင်ခဲ့ပြီ…..
(၂၅) နှစ်တိုင်တိုင် မေတ္တာမပျက် သစ္စာရှိစွာ လက်တွဲခဲ့ကြသည့် Lesbian စုံတွဲတစ်တွဲအား ဂုဏ်ပြုသောအားဖြင့် စပ်ဆိုပါသည်။
မြတ်မော်ဦး