၂၀၂၀ ခုနှစ် Yangon Pride ပွဲတော်ကို ချစ်သူနဲ့အတူ ပါဝင်ဆင်နွဲခဲ့တဲ့ အဆိုတော် ဂေးဂေး

အဆိုတော် ဂေးဂေးက သူရဲ့ချစ်သူ Miss Universe ဆွေဇင်ထက်နဲ့အတူ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Yangon Pride ပွဲတော်ကို ပါဝင်ဆင်နွဲခဲ့ပါတယ်။


ဂေးဂေးအနေနဲ့ အခုလိုပွဲမှာ ပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက်သာမက လိင်တူချစ်သူအသိုင်းအဝိုင်းထံက ထောက်ခံမှုကိုရရှိတဲ့အတွက်လည်း ဝမ်းသာမိကြောင်းပြောခဲ့ကာ စင်ပေါ်မှာချစ်သူနဲ့အတူ လက်ကိုတွဲလို့ ဖျော်ဖြေခဲ့ပါတယ်။


၂၀၂၀ ခုနှစ် Yangon Pride ပွဲတော်ရဲ့ နောက်ဆုံးရက်သတ္တပတ်ကို ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ဇန်နဝါရီလ (၃၁)ရက်ကနေ ဖေဖော်ဝါရီလ (၂)ရက်နေ့အထိ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။


Pride ရဲ့ ပွဲစဉ်တွေကို သောကြာနေ့ ညနေ(၅)နာရီက စတင်ပြီး အက ၊ Choir သီချင်း၊ ပြဇာတ်နဲ့ Goodbye Mother ရုပ်ရှင်ကို ပြသခဲ့ပါတယ်။


ဒါပြင် နိုင်ငံတကာ LGBT ရုပ်ရှင်တွေ၊ စကားဝိုင်းတွေ၊ ပြဇာတ်တွေ၊ မြန်မာနိုင်ငံအဆိုတော် Ar-T၊ အဆိုတော် ဂေးဂေး၊ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Drag Queen တွေဖြစ်ကြတဲ့ Annee Maywong နဲ့ Dearis Doll ၊ DJ Mike နဲ့ Mr.Y တို့က အလန်းစား DJ တွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

 

Photo Credit- Thet Htoo (&PROUD Facebook Page)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.