LGBTနှင့် ဆက်နွယ်သည့် ဥပဒေများ

ရာဇသတ်ကြီးပုဒ်မ ၃၇၅

ဒီပုဒ်မဟာ မုဒိမ်းမှုအပေါ် အဓိပ္ပါယ်ဖွင့်ဆိုခြင်း ဖြစ်ပါတယ်။ မုဒိမ်းမှုကျူးလွန်ရန် အချက်များကတော့

• အမျိုးသမီးက အလိုမတူ ငြင်းဆန်မယ်ဆိုရင် မုဒိမ်းမှုမြောက်ပါတယ်။
• အမျိုးသမီးက ခွင့်မပြုဘူးဆိုရင် မုဒိမ်းမှုမြောက်ပါတယ်။
• ခွင့်ပြုခဲ့ရင်လည်း သေစေမယ်၊ နာကျင်စေမယ် စသဖြင့် ခြိမ်းခြောက်လို့ ခွင့်ပြုရခြင်းကလည်း မုဒိမ်းမှုမြောက်ပါတယ်။
• အမျိုးသမီးက မုဒိမ်းမှုကျူးလွန်သူ အမျိုးသားကို မိမိလက်ထပ်ထားတဲ့ယောင်္ကျားလို့သာ ထင်မြင်တဲ့အတွက် လိင်မှုကိစ္စကို ခွင့်ပြုရင် လည်း မုဒိမ်းမှုမြောက်ပါတယ်။
• အမျိုးသမီးက အဲဒီလိုတွေးထင်ပြီး ခွင့်ပြုတာကို ကျူးလွန်သူက သိလျှက်နှင့်ကျူးလွန်ရင် မုဒိမ်းမှု မြောက်ပါတယ်။
• အသက် ၁၆နှစ်အောက် အရွယ်ရှိတဲ့အမျိုးသမီးက ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ မုဒိမ်းမှုမြောက်ပါတယ်။

 

ရာဇသတ်ကြီးပုဒ်မ ၃၇၆

ဒီပုဒ်မကတော့ မုဒိမ်းမှုကျူးလွန်ခြင်းအတွက် ပြစ်ဒဏ်သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။

• မုဒိမ်းမှု ကျူးလွန်ပါက ထောင်ဒဏ် နှစ်နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချ မှတ်နိုင်ပါတယ်။

 

ရာဇသတ်ကြီး ပုဒ်မ ၃၇၇

• ဒီပုဒ်မဟာ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ပြစ်မှုတွေနဲ့ စပ်လျဉ်းပြီး ပြဌာန်းထားတာဖြစ်ပြီး ယောင်္ကျားနှင့် ဖြစ်စေ၊ မိန်းမနှင့် ဖြစ်စေ၊ တိရိစ္ဆာန်နှင့် မည်သူမဆို ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှုကိုပြုရင် နှစ် နှစ်ဆယ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကို ဖြစ်စေ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

 

ရန်ကုန် ရဲအက်ဥပဒေပုဒ်မ ၃၀(ဃ) နှင့် ရဲအက်ဥပဒေပုဒ်မ ၃၅(ဂ)

ရန်ကုန်မြို့မှာ ရန်ကုန် ရဲအက်ဥပဒေပုဒ်မ ၃၀(ဃ)နဲ့ နယ်မြို့များမှာတော့ ရဲအက်ဥပဒေပုဒ်မ ၃၅(ဂ) တို့နဲ့ ဖမ်းဆီးအရေးယူနေတဲ့ မှောင်ရိပ် ခိုမှုလို့ လူသိများတဲ့ ပုဒ်မဖြစ်ပါတယ်။ မှောင်ရိပ်ခိုမှုနဲ့ စွဲဆိုနိုင်တဲ့ အချက်အလက်တွေကတော့

• (က) ဘေးအန္တရယ်ပြုနိုင်သော (သို့) ရန်မူနိုင်သော ကိရိယာတစ်ခုခုကို စွဲကိုင်လျှက်တွေ့သည့်အခါ၊ ထိုသို့စွဲကိုင်ခြင်းအကြောင်းကို ပြေ လည်အောင်မပြောနိုင်သူ။
• (ခ) နေဝင်နေထွက်ချိန်အကြား ဈေး၊ လမ်းဘေး၊ လမ်းဝင်း၊ ခြံ သို့မဟုတ် အခြားနေရာတစ်ခုခုတွင် ဖင့်နွဲ့ သို့မဟုတ် ရပ်နေသူကိုတွေ့ သည့်အခါ သူက မိမိ၏အကြောင်းကို ပြေလည်အောင်မပြောနိုင်သော သူခိုးဟု ကျော်ဇောသူ၊
• (ဂ) နေဝင်နှင့် နေထွက်ချိန်အကြား မိမိ၏မျက်နှာကို ဖုံးအုပ်လျှက်ဖြစ်စေ၊ အခြားနည်းဖြင့် ရုပ်ဖျက်လျှက်ဖြစ်စေ တွေ့သည့်အခါ သူက မိမိအကြောင်းကို ပြေလည်အောင်မပြောနိုင်သူ။
• (ဃ) လူနေအိမ်၊ သို့မဟုတ် အခြားအဆောက်အအုံတစ်ခုခု၏ ဥပစာအတွင်း၌ ဖြစ်စေ၊ နောက်ဖေးလမ်းကြား ရေးမြောင်းတစ်ခုခုတွင်ဖြစ် စေ၊ ရေယာဉ်တစ်ခုခုပေါ်တွင်ဖြစ်စေ တွေ့သည့်အခါ ထိုနေရာတွင် မိမိရောက်ရှိနေခြင်းအကြောင်းကို ပြေလည်အောင်မပြောနိုင်သူ။
• (င) အိမ်ဖောက်ထွင်းသည့် ကိရိယာတစ်ခုခုကို ဥပဒေနှင့်အညီ အကြောင်းမရှိဘဲ လက်ရှိထားသူ။

အဲဒီလူတွေကို ဝရမ်းမပါဘဲ ရဲတပ်ဖွဲ့ဝင်တိုင်းက ဖမ်းဆီးနိုင်တဲ့အပြင် ပြစ်မှုထင်ရှားစီရင်ခံရပါက (၃)လအထိ ထောင်ဒဏ်ချမှတ်ခံရမည်လို့ ပြဌာန်းထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တိုင်းက ဝရမ်းမပါဘဲဖမ်းဆီးနိုင်တဲ့ ရဲအရေးယူပိုင်တဲ့ ပြစ်မှုဖြစ်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ဒုတိယဇ ယားအရ အာမခံပေးနိုင်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.