Colors Rainbow နဲ့ LGBT မိသားစုများက ကဆုန်ညောင်ရေသွန်းပွဲတော်မှာ စတုဒီသာများလှူဒါန်းမည်
၂၀၁၈ခုနှစ်၊ ဧပြီလ(၂၉)ရက် ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်မှာ Colors Rainbow LGBT မိသားစုများက ပထမဦးဆုံးအကြိမ်အဖြစ် ကိုးထပ်ကြီးဘုရားမှာ စတုဒီသာများဖြင့် ကျွေးမွေးလှူဒါန်းသွားမယ်လို့ သိရပါတယ်။
ထိုသို့ ပြုလုပ်ရတဲ့ရည်ရွယ်ချက်မှာ LGBT များကို လူထုမှလက်ခံလာစေဖို့နဲ့ LGBT တွေဟာလည်း လူထုနှင့် ကင်းကွာမနေဘဲ လူထူနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းသဘင်တွေမှာ အမြဲတမ်းပူးပေါင်းပါဝင်နေလျှက်ရှိကြောင်းကို ပြသလိုခြင်းဖြစ်ပါတယ်။
“ကိုးထပ်ကြီးဘုရားမှာ ဥပုသ်သီတင်းဆောက်တည်ကြတဲ့ လူကြီးမိဘတွေ၊ ဘုရားဖူးလာကြတဲ့ လူကြီး၊ လူငယ်တွေကို LGBT မိသားစုဝင်တွေက ကဆုန်ညောင် ရေသွန်းပွဲမှာ ဇီးဖျော်ရည်တိုက်ကျွေးမှာပါ”ဟု စီစဉ်ကြီးကြပ်သူ မရှင်းသန့် က ဆိုပါတယ်။
Colors Rainbow LGBT မိသားစုများမှ ဧပြီလ(၂၉)ရက်နေ့ ညနေ (၃)နာရီမှ ညနေ(၅)နာရီအထိ အအေးဒါနပြုလုပ်သွားမှာဖြစ်ပြီး စေတနာဝန်ထမ်း ပါဝင်လိုသူများအနေနဲ့ မရှင်းသန့် ဖုန်းနံပါတ် ၀၉ ၇၉၆၅၆၆၁၀၀ သို့ ဆက်သွယ်စာရင်းပေးနိုင်တယ်လို့ သိရပါတယ်။