LGBT သရုပ်ဆောင်များပါဝင်ထားတဲ့ “အပ်ဖျားတစ်ထောက် “ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို MRTVမှာ အောက်တိုဘာလ (၁၃)ရက်မှာ စတင်ပြသ
LGBT သရုပ်ဆောင်များပါဝင်ထားတဲ့ မတူကွဲပြားမှုမှသည် တူညီသော လူ့အသိုက်အဝိုင်းဆီသို့ ပေါင်းကူးဆက်သွယ်ပေးမယ့် “အပ်ဖျားတစ်ထောက် “ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို MRTVမှာ အောက်တိုဘာလ(၁၃)ရက်မှစတင်ကာ အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့၊ ညနေ (၆) နာရီအချိန်မှာ ပြသမှာ ဖြစ်ပါတယ်။
အဆိုပါ “အပ်ဖျားတစ်ထောက်”ဇာတ်ကားရဲ့စာနယ်ဇင်းမိတ်ဆက်ပွဲကို အောက်တိုဘာလ(၁၂)ရက်က Orchid hotelမှာ ပြုလုပ်ခဲ့ပြီး လူ ငယ်များ မူးယစ်ဆေးဝါးသားကောင်မဖြစ်စေရန်နဲ့ လူမှုနယ်ပယ်မှာ တဦးနဲ့တဦးပေါင်းသင်းဆက်ဆံမှုကို ရည်ရွယ်ဖော်ကျုးထားတဲ့ ဇာတ် လမ်းတစ်ပုဒ် ဖြစ်ပါတယ်။
“မတူကွဲပြား လူ့အသိုက်အဝန်းကို ဖော်ပြချင်တာဖြစ်လို့ LGBT တွေကို သရုပ်ဆောင်အဖြစ် ရွေးခဲ့တာပါ။ တခါတလေကျ သူတို့ကို ပယ် ထားတာမျိုးတွေ ရှိတယ်။ မပယ်ထားဘူး။ တစ်စုတစည်းတည်း အလုပ်လုပ်ဖို့ ဖိတ်ခေါ်ခဲ့တာ။ LGBTမှာ အမျိုးသား အဖြစ်ခံယူထားသူနဲ့ အမျိုးသမီးအဖြစ် ခံယူထားသူတွေ အကုန်လုံးကို ဖိတ်ခေါ်ပြီး စမ်းသပ်သရုပ်ဆောင်ခိုင်းတယ်။ လူရွေးပြီး တပေါင်းတစည်းတည်း ရိုက်ကူးခဲ့တာပါ” လို့ ဒါရိုက်တာ သတိုးကိုကိုက ပြောသည်၊၊
ဒီရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာ အပိုင်း(၈)ပိုင်း ပါဝင်ထားပြီး LGBT သရုပ်ဆောင်များအဖြစ် Transgender အမျိုးသမီးအဖြစ် ဟန်ကျေကိုနဲ့ စိုင်းဝေယံ၊ Transgender အမျိုးသားအဖြစ် ခန့်သုတ စသည့် Transgender (၃)ဦးတို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်လမ်းတွဲမှာ အောင်မြင့်မြတ်၊ ဟန်ဂျေကို၊ ရဲမင်းနိုင်၊ ဆန်းမွန်း ၊ စိုင်းဝေယံ၊ အောင်ကျော်စိုး၊ ဝေဖြိုးနဲ့ အခြားသရုပ်ဆောင်တွေလည်း များစွာ ပါဝင်ထားပါတယ်။