ယနေ့ နိုင်ငံအများစုတွင် ကြုံတွေ့နေရသော စိတ်ကျရောဂါ

စိတ်ကျရောဂါသည် အသက်အရွယ်မရွေး၊ လူမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေ မည်သူ့တွင်မဆို ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ရာတွင် အမျိုးသမီးများတွင် အမျိုးသားများထက် ဖြစ်ပွားမှုနှုန်း နှစ်ဆခန့် ပိုများသည်ကို တွေ့ရသည်။

အမျိုးသးများသည် သူတို့၏ စိတ်ကျရောဂါဝေဒနာလက္ခဏာများကို ဖော်ထုတ်ပြောဆိုတတ်ကြသော်လည်း သူတို့တွင် စိတ်ကျရောဂါကို ဂရုမပြုမိတတ်ကြပါ။

စိတ်ကျရောဂါ၏ စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာ လက္ခဏာများမှာ လူနာသည် စိတ်ညှိုးနွမ်းနေခြင်း၊ မပျော်ရွှင်ခြင်း၊ စိတ်ဝင်စားမှု လျော့နည်းလာခြင်း၊ စိတ်အားငယ်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းလာခြင်း၊ ဆုံးဖြတ်ချက်ကို အလွယ်တကူ မချမှတ်နိုင်ခြင်း၊ မိမိကိုယ်ကို အသုံးမကျသူ၊ အပြစ်ရှိသူအဖြစ် ရှုမြင်နေရခြင်း၊ ပြီးခဲ့သော ကာလများဆီက ဖြစ်ပျက်ခဲ့သော မိမိ၏ အပြစ်အသေးအမွှားများကို ခွင့်မလွှတ်နိုင်သော အပြစ်ကြီးများအဖြစ် ပြန်လည်ရှုမြင်လာခြင်း၊ မိမိနှင့်တကွ လောကကြီးတစ်ခုလုံးအပေါ် အဆိုးမြင်အယူအဆများ လွှမ်းမိုးနေခြင်း၊ အသက်အန္တရာယ်ရှိသော အပြုအမူများကို လုပ်ဆောင်လာခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်လာခြင်း စသည်တို့ကို ခံစားရနိုင်ပါသည်။

အကယ်၍ သူတို့တွင် စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးရှိသည်ဟု နာမည်တပ်ခံရပါက ထိုအကြောင်းကြောင်းကြောင့် မိသားစု၊ လူ့အဖွဲ့အစည်းအတွင်း သူတို့၏ ရပ်တည်မှု အနေအထားအပေါ် ထိခိုက်မှုရှိလာမည်ကို အထူးစိုးရိမ်ကြောက်ရွံ့တတ်ကြပါသည်။ စိတ်ကျရောဂါသည် စိုးရိမ်လိုစိတ်ရောဂါ၊ စိတ်ဒဏ်ရာလွန် ဖိစီးမှု စိတ်ရောဂါနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးမျိုးနှင့် ဆက်စပ်နေပါသည်။

ဆေးဝါးပစ္စည်း အလွဲသုံးခြင်း ရောဂါသည်လည်း စိတ်ကျရောဂါနှင့် ဆက်စပ်တွေ့ရှိရတတ်သည်။ အထူးသဖြင့် အရက်ကို အလွန်အကျွံ (အရက် အလွန်သုံးခြင်း) သည်လည်း နီးစပ်မှု ရှိပါသည်။ အမျိုးသားများသည် စိတ်အလိုမကျသောအခါ၊ စိတ်မဝံ့မရဲဖြစ်သောအခါ၊ စိတ်ဓာတ်ကျဆင်းသောအခါများတွင် သူတို့ဖြစ်ပေါ်ခံစားနေရသော ခံစားချက်များကို ဂရုပြုမှတ်သားပြီး အကူအညီတောင်းခံကာ သင့်တော်သော ကုသမှုကို ခံယူရမည့်အစား အရက် သို့မဟုတ် မူးယစ်ဆေးဝါး တမျိုးမျိုးဘက်သို့ ဦးတည်သွားတတ်ကြပါသည်။

အရက်ကို နှစ်ရှည်လများ သောက်သုံးသူများတွင်လည်း စိတ်ကျရောဂါ ဖြစ်ပေါ်လာနိုင်ပါသည်။ အရက်စွဲရောဂါ ခံစားနေရသူများသည် အရက်မစွဲသူများထက် စိတ်ကျရောဂါ ခံစားရရန် အခွင့်အလမ်း နှစ်ဆများသည်ဟု လေ့လာတွေ့ရှိရပါသည်။

အရက်ကို နှစ်ရှည်လများ သောက်သုံးသူများတွင်လည်း စိတ်ကျရောဂါ ဖြစ်ပေါ်လာနိုင်ပါသည်။ အရက်စွဲရောဂါ ခံစားနေရသူများသည် အရက်မစွဲသူများထက် စိတ်ကျရောဂါ ခံစားရရန် အခွင့်အလမ်း နှစ်ဆများသည်ဟု လေ့လာတွေ့ရှိရပါသည်။ အခြားတစ်ဘက်တွင်လည်း စိတ်ကျရောဂါ ခံစားနေရသူများသည် စိတ်ကျရောဂါ ဝေဒနာသက်သာရန် သောက်သုံးမိတတ်ကြပါသည်။ မကြာခဏသောက်သုံးရင်းဖြင့် ကာလကြာသောအခါ စိတ်ကျရောဂါအပြင် အရက်စွဲရောဂါပါ ထပ်ဆင့်ရရှိလာပြီး စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ ပို၍ ရှုပ်ထွေးလာစေနိုင်ပါသည်။

စိတ်ကျရောဂါဖြစ်ပွားပြီး စိတ်ကျရောဂါ ကုသဆေးများကို သောက်သုံးနေရသူများသည် ဘီယာအရက်စသည့် အဖျော်ယမကာအမျိုးမျိုး၊ မူးယစ်ဆေးဝါး အမျိုးမျိုးတို့ကို ရှောင်ကြဉ်သင့်ပါသည်။ အကြောင်းမှာ ယင်းတို့သည် စိတ်ကျရောဂါကု ဆေးဝါးများ၏ အာနိသင်ကို လျော့ကျစေနိုင်သောကြောင့် ဖြစ်သည်။

စိတ်ကျရောဂါတွင် ဒွိစွန်းစိတ်ရောဂါ ဆိုသည်ဟုလည်း ရှိပါသည်။ လူနာသည် တစ်ခါတစ်ရံ စိတ်ကျရောဂါ ဝေဒနာခံစားရပြီး တစ်ခါတစ်ရံတွင် အခြားအစွန်းတစ်ဖက်ဖြစ်သော စိတ်ကြွလွန် ရောဂါဝေဒနာ လက္ခဏာများကို ခံစားရပါသည်။ စိတ်ကြွရောဂါ ခံစားရသောအခါ အလွန်အမင်း စိတ်အားတက်ကြွ လန်းဆန်းနေခြင်း၊ လုပ်ချင်ကိုင်ချင်စိတ် များလာခြင်း၊ အအိပ်အနေ နည်းပါးခြင်း၊ အာရုံစူးစိုက်မှု ချို့ယွင်းလာခြင်း၊ ပုံမှန်မဟုတ်သော အကြောင်းအရာများကို စိတ်ဝင်စားလာခြင်း၊ လိင်ကိစ္စများ ထကြွလာခြင်း၊ စကားပြောများလာခြင်း၊ ရန်လိုတတ်ခြင်း၊ စိတ်ဓာတ်ခက်ထန်လာခြင်း၊ သံသယစိတ်များ ဝင်လာခြင်း စသည်တို့ ခံစားရပါသည်။

ထိုကဲ့သို့ စိတ်တက်ကြွနေချိန်တွင်လည်း အရက်၊ မူးယစ်ဆေးဝါး အလွဲသုံးခြင်းများ ပူးတွဲရှိနေပြီး စိတ်ရောဂါ ခံစားရနိုင်ပါသည်။ ထိုအချက်များသည် စိတ်ကျရောဂါ ဖြစ်စေနိုင်သော အချက်များပင် ဖြစ်ပါသည်။ သို့သော် ထိုအခြေအနေများကို မိမိကိုယ်ကို ဆန်းစစ်ပြီး ငါ ဖြစ်များဖြစ်နေပြီလားဆိုပြီး ဆန်းစစ်လွန် စိတ်ရောဂါတော့ မရစေချင်ပါဘူး။

တွေ့ရှိချက်တစ်ခုကတော့ ဟိုမိုများ (ဂေး)များဟာ စိတ်ရောဂါ ခံစားရချေ အနည်းဆုံး ဖြစ်ပါသည်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမိုများ (ဂေး) ဟာ လောကကြီးကို အကောင်းမြင်စိတ်နဲ့ ကြည့်ပြီး လောကကြီးနဲ့ လိုက်လျောညီထွေနေတတ်ကြလို့ ဖြစ်ပါသည်တဲ့။ ဒါပေမဲ့ ဟိုမိုများ (ဂေး) ဟာလည်း လူထဲက လူများဖြစ်တာကြောင့် စိတ်ကျရောဂါ ခံစားရနိုင်မှုသည် တစ်ရာခိုင်နှုန်းတွင် နှစ်ရာခိုင်နှုန်းလောက် ခံစားရနိုင်ပါသည်တဲ့။

ထို့ကြောင့် သိစေရုံ အားလုံးဗဟုသုတရရုံ ရှောင်ကြဉ်နိုင်ရုံ ဖတ်မှတ်ထားသမျှ ရေးသားထားခြင်း ဖြစ်ပါသည်။

သူငယ်ချင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

“လောကကြီးက မိမိအတွက် ဖြစ်တည်လာတာ မဟုတ်ဘူး။ မိမိကသာ ဖြစ်ချင်သလို ဖြစ်နေတဲ့ လောကကြီးထဲကို မွေးဖွားလာတာ မိမိစိတ်တိုင်းကျ မဖြစ်တိုင်း လောကကြီးကို အပြစ်မတင်ပါနဲ့”

 

မှတ်ချက်။         ။ Myanmar LGBT ဝဘ်ဆိုက်ဒ်ရှိ Myo Thu ၏ ပရိုဖိုင် http://www.mlgbts.com/members/profile/8976 မှ ကူးယူဖော်ပြခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.