၂၀၁၈ ခုနှစ် အော်စကာဆုရစာရင်းဝင် Call Me By Your Name ဇာတ်ကားကို တူနီးရှားနိုင်ငံမှာ ပြသခွင့် ပိတ်ပင်
၂၀၁၈ ခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ညွှန်းဆုရရှိခဲ့တဲ့ Call Me by Your Name ဇာတ်ကားကို တူနီးရှားနိုင်ငံက ပြသခွင့် ပိတ်ပင်လိုက်ပါတယ်။
Call Me By Your Name ဇာတ်ကားဟာ ၁၉၈၀ ဝန်းကျင်ကာလ အီတလီနိုင်ငံက တောရွာလေးတစ်ရွာမှာ အသက် (၁၇) အရွယ်ကောင်လေးတစ်ယောက်နဲ့ အဖေ့လက်ထောက်ဖြစ်သူ ဒေါက်တာဘွဲ့ယူဖို့ ကြိုးပမ်းနေတဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားတာကို တူနီးရှားနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနက တားမြစ်ခဲ့တာ ဖြစ်တယ်လို့ AFP သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
တူနီးရှားယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ အထက်ပါတားမြစ်ပိတ်ပင်မှုဟာ လွတ်လပ်မှုကို တိုက်ခိုက်ရာရောက်တယ်လို့ Call Me By Your Name ဇာတ်ကားအတွက် တူနီးရှားနိုင်ငံ ဖြန့်ချိရေးကိုယ်စားလှယ်ဖြစ်သူ Lassaad Goubantini က ရှုတ်ချပြစ်တင်လိုက်ပါတယ်။
“ဇာတ်ကား ပြသခွင့် ပြုမပြုဆိုတာ သိရဖို့ သီးသန့်နေရာမှာ ပဏာမအရင်ပြသမယ်ဆိုပြီး အစိုးရကို ကမ်းလှမ်းခဲ့တာတောင် သူတို့တွေက ခွင့်မပြုခဲ့ဘူး” လို့ Lassaad Goubantini က ပြောပါတယ်။
တူနီးရှားယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဒီလုပ်ရပ်ဟာ တူနီးရှားနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလာ အချက်တွေနဲ့လည်း ဆန့်ကျင်ရာရောက်နေကြောင်း Lassaad Goubantini က ဝေဖန်ခဲ့ပါတယ်။
တူနီးရှားနိုင်ငံဟာ လိင်တူချစ်တာကို ဥပဒေအရ တားမြစ်ထားပြီး ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားရှိဆဲ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ လိင်တူချင်း ဆက်ဆံမှုဟာ တူနီးရှားနိုင်ငံမှာ နှစ်ရည်ထောင်ဒဏ် ချမှတ်ခံနိုင်တဲ့ ပြစ်မှုလည်း ဖြစ်ပါတယ်။