ယောက်ျားတစ်ယောက်က မိန်းမကိုမှ ချစ်လို့ရတာ မဟုတ်ဘူးဆိုတဲ့ မော်ဒယ်လင်းယံ

သရုပ်ဆောင်မော်ဒယ် လင်းယံအနေနဲ့ ကိုယ်တိုင်က LGBT မဟုတ်သော်လည်း LGBT  တွေကို ထောက်ခံတယ်လို့ ဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် Miss Grand Transgender ပွဲမျိုးတွေကလည်း LGBT တွေအတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်စေမယ်လို့လည်း သူက သုံးသပ်ထားပါသေးတယ်။

“LGBTတို့ Gay တို့ဆိုတာ သူတို့လည်း ကိုယ်ပိုင်အချစ်ဆိုတာရှိတာပဲလေ၊ ယောက်ျားတစ်ယောက်က မိန်းမမှ ချစ်လို့ရတာ မဟုတ်ဘူး။ယောက်ျားကိုလည်း ချစ်လို့ရပါတယ်၊၊ LGBT တွေကိုလည်း ကျွန်တော်ထောက်ခံပါတယ်။ ကျွန်တော်က LGBT တော့ မဟုတ်ပါဘူး။ အခုဆို ပြိုင်ပွဲတွေကတဆင့် LGBTတွေက National director တွေ Regional director တွေ ဖြစ်လာကြတယ်။ အဲကတဆင့် အခြား LGBT တွေအတွက် ပြိုင်ပွဲတွေ ၊ အခွင့်အလမ်းကောင်းတွေ ဖြစ်လာတာပဲလေ” လို့ သူက ပြောပါတယ်၊၊

လက်ရှိ သူ့ရဲ့အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ကာတွန်းမင်းဇော်ရဲ့ ဘိုဘိုကာတွန်းဇာတ်ကားမှာ ဘိုဘိုရဲ့ပြိုင်ဘက် ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်သွားဖို့ ရှိပါတယ်။

မော်ဒယ်လင်းယံ(ခ) သုတထွန်းဟာ ဧပြီလ (၆)ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ Mister & Miss Cultural World Myanmar ပြိုင်ပွဲမှာ Second Runner Up ဆုကို ရရှိထားခဲ့ပြီး မေလ (၆) ရက်က Myanmar Male Pageant Academy Organization and Production က စီစဉ်တဲ့ Mister National Universe Myanmar 2018 ပြိုင်ပွဲမှာလည်း  Mister Continental Tourism Myanmar 2018 ဆုကို ရရှိထားခဲ့သူ ဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.