LGBT Supporter တစ်ဦးပါဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

နိုင်ငံကျော်တေးသံရှင် ထွန်းအိန္ဒြာဗိုလ်က LGBTကို ထောက်ခံသူတစ်ဦးပါလို့ သူမရဲ့ ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါပြင် Yangon Pride ပွဲမှာလည်း သူမကိုယ်တိုင် “အချစ်မှာ အပြစ်မရှိ”ဆိုတဲ့ ဆောင်ပုဒ်လေးကို ကိုယ်စားပြုဖော်ပြတဲ့ လက်သန်းမှာ ပန်းရောင်ဆေးချယ်ကာ LGBT တွေကို ထောက်ခံကြောင်း ပြသခဲ့ပါသေးတယ်။

သူမအနေနဲ့ ဇန်နဝါရီလ(၂၄)ရက်နေ့ သခင်မြပန်းခြံမှာကျင်းပတဲ့ ၂၀၂၀ခုနှစ် Yangon Pride ပွဲတော်ရဲ့ပထမဆုံးနေ့မှာ သီဆိုဖျော်ဖြေပေးခဲ့ပြီးနောက် သူမရဲ့ ထောက်ခံချက်ကို ယခုလိုပြသခဲ့တာ ဖြစ်ပါတယ်။

“တခြားပွဲတွေထက် ဒီပွဲကို ကျွန်မပိုကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့က အရမ်းပျော်တတ်တယ်လေ။ လူသားချင်းအတူတူ အရမ်းပျော်ရွင်တတ်တယ်။ အဆိုးမြင်တာ တော်တော်နည်းတယ် မရှိသလောက်ဘဲ။ ဘာမဆို ကိုယ့် အပြစ်ဖြစ်နေရင်တောင်မှ အကောင်းမြင်ပေးတဲ့အသိုင်းအဝိုင်းထဲမှာ ဆိုရမှာဆိုတော့ မှားမှာလည်း မကြောက်ဘူး ပိုပျော်တယ်။ ကျွန်မရင်ထဲမှာခံစားမှုကတော့ လူဟာလူပါပဲရှင့်။ ကိုယ်မွေးထားတဲ့ ကလေးကလည်း ဘာပဲဖြစ်နေနေ ကိုယ်ရဲ့သားသမီးပါပဲ”လို့ Yangon Pride ပွဲတော်မှာ ဖျော်ဖြေရင်း LGBT အပေါ်ထားတဲ့ သူမရဲ့အမြင်ကိုလည်း ယခုလိုပြောကြားခဲ့ပါတယ်။

ထွန်းအိန္ဒြာဗိုလ်ဟာဆိုရင် နိုင်ငံကျော် အဆိုတော်တစ်ဦးသာမက မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာလည်း နာမည်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.