Miss or Miss LGBT မှတ်တမ်းရုပ်ရှင်ကို Quezon City International Pink Film Festival မှာ ပြသသွားရန် ရွေးချယ်ခံရ

ယခုနှစ် Quezon City International Pink Film Festival မှာ Miss or Miss LGBT မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို ပြသသွားဖို့ Asia Pacific Queer Film Festival Alliance (APQFFA) Shorts Section က ရွေးချယ်လိုက်ပါတယ်။

Quezon City International Pink Film Festival ကို ၂၀၁၈ခုနှစ် ၊နိုဝင်ဘာလ (၁၄)ရက်ကနေ (၂၅)ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဆိုပါ Miss or Miss မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို Colors Rainbow က ၂၀၁၇ခုနှစ်၊ မေလမှာ ပြုလုပ်တဲ့ Documentary Film-making Workshop မှာ  ဒါရိုက်တာ Wai Yum က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

 

“ဒီဇာတ်ကား ရွေးချယ်ခံလိုက်ရတာက & Proud က Film Summitလုပ်လိုက်လို့ ဖြစ်ပါတယ်။ အခုလို နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရမှာဆိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ LGBT တွေရဲ့ အကြောင်းကို အနုပညာကတဆင့် မျှဝေခွင့်ရလို့ အရမ်းလည်း ရင်ခုန်ပါတယ်”လို့ ဒါရိုက်တာ Wai Yum က ပြောပါတယ်။

ဒီဇာတ်ကားက Miss အရမ်းဖြစ်ချင်တဲ့ မွေးချင်း Transgender ညီအစ်မနှစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး (၇)ကြိမ်မြောက်ကျင်းပတဲ့ ဝဿန်ရုပ်ရှင်ပွဲတော်မှာ Audience Award ဆုကိုလည်း ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.